၂၀၁၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက်(၀၈း၃၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မဒင်းကျေးရွာနေသူ မလဲ့လဲ့ဖြိုး(၂၈)နှစ်သည် ရွာမြောက်ဘက် (၁)မိုင်ခန့်အကွာရှိ ယာခင်း တွင် ခင်ပွန်းဖြစ်သူ ကိုနေနိုင်ထွန်းနှင့် ဖခင်ဖြစ်သူ ဦးလှရှိန်လေး (၆၃)နှစ် တို့နှင့်အတူ ပဲတီစိမ်းစိုက် ပျိုးနေစဉ် မလဲ့လဲ့ဖြိုး၏ အစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ အေးလွင် (၂၉)နှစ် ရောက်ရှိလာပြီး ယာခင်းတွင် ပဲတီစိမ်းစိုက်သည့် ကိစ္စအား မေးမြန်းကာ ထွက်သွားပြီး ဦးလှရှိန်လေးမှာလည်း ယာကွက် ၏ မြောက်ဘက်သို့ နွားမောင်းရန် ထွက်သွားစဉ် ဦးလှစိန်လေး ၏ ညီအရင်းဖြစ်သူ တစ်ရွာတည်းနေ ဦးစိန်ဝင်း (၅၆) နှစ်နှင့် ဦးစိန်ဝင်း၏ သားဖြစ်သူ ကျော်လွင် (၂၆)နှစ် တို့သည် အရိုး(၁၀)လက်မ၊ အသွား (၁၅)လက်မ၊ ဗျက်(၂.၅) လက်မခန့်ရှိ ဓါးမ(၁)ချောင်းစီ ကိုင်ကာ ““မစိုက်နဲ့အခုရပ်””ဟု ဟန့်တားပြောဆို ကြိမ်းမောင်းကာ ဦးလှရှိန်လေး ရှိရာဘက်သို့ ထွက်သွားသဖြင့် မလဲ့လဲ့ဖြိုးသည် ခင်ပွန်းဖြစ်သူနှင့် အတူ နောက်မှလိုက်ကြည့်ရာ ယာကွက်၏ မြောက်ဘက် (၂)ဖာလုံခန့်အကွာ တောင်ကုန်း(၂)ခုကြားရှိ လှည်းလမ်းတွင် ဦးလှရှိန်လေးအား နောက်စေ့တွင် (၆)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသေဆုံး နေ သည်ကို တွေ့ရှိရပြီး ဦးစိန်ဝင်း၊ အေးလွင်နှင့် ကျော်လွင်တို့ သားအဖ ၃ ဦးသည် ဓါးကိုယ်စီကိုင်ပြီး ရွာဘက်သို့ ပြန်သွားသည်ကို တွေ့မြင်ရသဖြင့် ဦးစိန်ဝင်းပါ(၃)ဦးအား အရေးယူပေးရန် ၂၄.၅.၂၀၁၅ ရက်နေ့တွင် မလဲ့လဲ့ဖြိုးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, May 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment