Monday, May 25, 2015





မင်းဘူး     မေ      ၂၁
    မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖုန်းမော်ရွှေသည် ယနေ့မွန်းတည့် ၁၂ နာရီက မင်းဘူး(စကု) မြို့နယ် မကျီးသုံးပင်ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များပူးပေါင်း၍ ကျေးရွာအရောက် ကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့် အခမဲ့ ဆေးကုသခြင်းကို တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူ များနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။
    ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် မင်းဘူး(စကု)မြို့နယ် မကျီးသုံးပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တိုင်းဒေသကြီးဖောင်ဒေးရှင်း၊တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များပူးပေါင်း၍ ဆေးကုသပေးနေသော အဖွဲ့ခေါင်းဆောင် ဒေါက်တာ သန်းဦးနှင့်ဆရာဝန် ၊ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး ဆေးလာရောက် ကုသ သော မကျီးသုံးပင်ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်မှကျေးရွာသူ၊ ကျေးရွာသားများအား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မကျီးသုံးပင် အလယ်တန်းကျောင်းခွဲ မှဆရာ/ဆရာမများ အတွက် ကျောင်းဝက်စုံများနှင့်အဌမတန်းသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ များအတွက် သင်ထောက်ကူပစ္စည်းဖြစ်သော ကွန်ပါဘူးနှင့်ဗလာစာအုပ်များကို ပေးအပ်ခဲ့သည်။
    တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်မှ ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ကျန်းမာရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်း၍ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များ၊အလှူရှင်များနှင့်ပူးပေါင်ကာ အခမဲ့ ဆေးကုခြင်းများကို လအလိုက် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိရာ(၂၁.၅.၂၀၁၅)ရက်နေ့မှ (၃၀.၅.၂၀၁၅)ရက်နေ့ထိ စုရပ်ကျေးရွာအုပ်စုအသီးသီးတွင် အခမဲ့ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယနေ့ ဆေးကုသသည့် မကျီးသုံးပင်ကျေးရွာတွင် လူနာပေါင်း(၈၀၀)ကျော်အား အခမဲ့ ဆေးကုသပေးခဲ့ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video