Monday, May 25, 2015
11:55 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မေ ၂၃
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ၊အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ၊လမ်း/တံတား တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးနှင့်သောက်သုံးရေရှားပါး ခက်ခဲသည့် မြို့နယ် /ရပ်ကွက်/ ကျေးရွာများသို့ အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မကွေးခရိုင်၊ မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်များ အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို မေ ၁၉ ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့သစ်မြို့နယ် ယင်းချောင်းတံတားသို့ နံနက် ၉ နာရီတွင်ရောက်ရှိပြီးယင်းချောင်းတံတားပေါ်မှ
ချောင်းရေစီးဆင်းမှု၊တံတားကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး အင်ဂျင်နီယာမှူးမှတံတားအားရေတိုက်စားမှုမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ
၊ရေလမ်းကြောင်းလွှဲရန်အတွက်ရေလမ်းကြောင်းရွေးချယ်မှု၊တံတားကြံ့ခိုင်မှု တို့ကိုအသေးစိတ်တင်ပြခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီ၊ စည်ပင် သာယာရေးကော်မတီဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ မြို့သစ်မြို့နယ် အတွင်း ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် နတ်မောက်-စိုင်ကောင်း ကားလမ်း မြေသားလမ်း ပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးပြီးပျက်စီိးနေသည့်လမ်းပိုင်းအား အမြန်ဆုံးပြုပြင်နိုင်ရေး တာဝန်ရှိသူများအားမှာကြားပြီး နေ့လည် ၁ နာရီတွင် နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်မ၌ ကော်မတီ(၃)ရပ်မှကော်မတီဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့်တွေဆုံရာတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လူမှုရေး၊စီးပွားရေးအခြေအနေနှင့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးအခြေအနေများကိုတင်ပြခဲ့သည်။ ၄င်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာကော်မတီများ၏ တင်ပြချက်များအား တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများ နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နတ်မောက်မြို့နယ် ဆည်ကြီးကျေးရွာအုပ်စု အတွင်းရှိ ခရိုင်ချင်းဆက်လမ်းအားကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား အမြန်ဆုံး ပြီးစီးရေးအတွက် ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေးခဲ့သည်။ဆက်လက်၍ နတ်မောက်-မကွေးကား လမ်းတစ်လျှောက်ရှိ စပါးစိုက်ခင်းများ၊မြေပဲစိုက်ခင်းများ၊ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လျှော်ဖြူပင် စိုက်ပျိုးအောင်မြင်နေမှု၊ မေ ၁၇-၁၈ ရက်နေ့များတွင် စိုက်ပျိုးရေရရှိအောင်ရွာသွန်းခဲ့၍ နှမ်းစိုက်ပျိုးရန် ထွန်ယက်လုပ်ကိုင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment