Monday, May 25, 2015
11:51 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆင်ပေါင်ဝဲ မေ ၂၄
ဆင်ပေါင်ဝဲမြို့၌ အရန်မီး သတ် တပ်ဖွဲ့ဝင်များ တူညီဝတ်စုံ ထောက်ပံ့ပေး အပ်ပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမတွင် ယနေ့ နံနက် (၁၀: ၀၀ ) က ကျင်းပသည်။ အခမ်းအနားသို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင် နှင့် ဌာန ဆိုင်ရာများ ၊ရပ်ကွပ် /ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ လူမူရေး အသင်းအဖွဲ့များ ၊အရန်မီးသတ်တပ်ဖွဲ့ ၀င်များ၊
ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင် က အဖွင့်အမှာ စကား ပြောကြားပြီး တာဝန်ရှိသူအသီးသီးက မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု(၁၇ ) စု၊ ကျေးရွာ(၅၂)ရွာရှိ အရန်မီးသတ် တပ်ဖွဲ့ ၀င်များအား အရန်မီးသတ်တူညီဝတ်စုံ (၂၈၇) စုံကို ထောက်ပံ့ ပေးအပ်ကြကြောင်း သတင်းရရှိသည်။
မျိုးမျိုး (ဆင်ပေါင်ဝဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment