Thursday, May 28, 2015

မင်းဘူး        မေ       ၂၇
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေး သင်တန်းဖွင့်ပွဲအခမ်းအနားအား မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီးက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်စိန်နှင့် အဖွဲ့ဝင်များ၊မင်းဘူးခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ခရိုင်အတွင်းရှိမြို့နယ်များမှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြပါသည်။
    အခမ်းအနားတွင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြား ပြီး မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးမြင့်ဦး က ရွေးကောက်ပွဲဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးမှာ ကြားပါသည်။ထို့နောက် ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးတင်ခိုင်ဇော်မှ ရွေးကောက်ပွဲဆိုင်ရာများကို အသိပညာပေး ဆွေးနွေးတင်ပြပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြား ကာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video