Thursday, May 28, 2015

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် သရက်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစိန်ရတု ခန်းမ၌ ယနေ့နံနက် (၈း၃၀)နာရီတွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။
    အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးထွေးမှီမှ ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ပညာရေး ၀န်ထမ်းများအနေဖြင့် ဆရာက အခရာ၊ ပညာက ရတနာဆိုသည်နှင့်အညီ ဆရာကျင့်ဝတ်နှင့်အညီ မိဘများနှင့် ပူးပေါင်းညှီနှိုင်း၍ ကလေးပညာရေး ကောင်းမွန်စေရန် စေတနာထား ဆောင်ရွက်ကြရန်နှင့် ကျောင်းဖွင့်စ ဇွန်လ ပထမပတ်တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲများ ကျင်းပပေးရန်ပြောကြားခဲ့သည်။
    ထို့နောက် ပညာရေးဝန်ကြီးဌာန ထောက်ပံ့သည့် ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများ၊ ခရိုင်အုပ်ချုပ်ရေး မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လှူဒါန်းသည့် ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊တို့ကို တိုင်းဒေသကြီးလွှတ်တော်ကို ယ်စာလှယ် ဒေါ်ယဉ်ယဉ်လှ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုခရိုင်တရားသူကြီး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌတို့မှ လှူဒါန်းရာ မြို့ပေါ် အလယ်တန်း၊မူလတန်း ကျောင်းအုပ်ဆရာ (၃)ဦးနှင့် ရွှေဘုံသာအ.မ.က၊ ရုံးရပ်၊ပြည်တော်အေးကျောင်းများမှ ကျောင်းသား/သူများက လက်ခံ၇ယူခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video