Sunday, May 31, 2015

၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး ၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁/၂၀၁၅)ဖြင့် ဆိပ်ဖြူမြို့နယ်၊ တူးရွင်းမျော ကျေးရွာနေသူ အောင်ကျော်စိုး (၄၀)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းမှ နှစ်လုံးထီ လောင်းကစား ရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ (၃၀၆၀၀ိ/-)တို့အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အောင်ကျော်စိုး အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့်ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညနေ(၄)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် နိုင်လင်းနှင့်အဖွဲ့သည် ပခုက္ကူခရိုင်၊ ပေါက်မြို့၊ အောင်တော်မူရပ်ကွက်ရှိ ဦးအောင်တင် နေအိမ်တွင် ၎င်း၏ချွေးမဖြစ်သူ တစ်အိမ်တည်းနေ မတင်လဲ့ဝင်း(၄၆)နှစ်မှာ ချဲထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် (၆/၂၀၁၅)ဖြင့် နေအိမ်အတွင်း ၀င်ရောက်ရှာဖွေရာ မတင်လဲ့ဝင်း၏ အိပ်ခန်း သေတ္တာအတွင်းနှင့် စားပွဲခုံပေါ်မှ ချဲထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့်အတူ လောင်းကြေးငွေ စက္ကူရောရာ (၉၉၃၅၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်း ရမိ သဖြင့် တရားမ၀င် ချဲထီလောင်းကစားပြုလုပ်သူ မတင်လဲ့ဝင်းအား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၆၈/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း၊
 
အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ည(၀၈း၂၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂၁/၂၀၁၅)ဖြင့် မကွေးမြို့၊ သိင်္ဂါရပ် ကွက်နေသူ မညွန့်ရင်မြ (၄၁)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ မညွန့်ရင်မြအား နေအိမ်အ တွင်း မြေပြင်ပေါ်တွင် သုံးလုံးချဲထီ လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၄င်းထံမှ သုံးလုံးထီ ချဲထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ (၁၁၁၀၀ိ/-) တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င်ချဲထီ လောင်းကစားပြုလုပ်သူ မညွန့်ရင်မြ အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၀၅/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video