၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နေ့လယ်(၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းရာ တောင်တွင်းကြီးမြို့၊ အုန်းတော (၁)ရပ်ကွက်အတွင်း ရောက်ရှိစဉ် အုန်းတော(၁)ရပ်ကွက်နေသူ အောင်သူရ (၁၆) နှင့် တောင်တွင်းကြီး မြို့နယ်၊ တိုက်ပွဲကျေးရွာ နေသူ သက်နိုင်ထွန်း(၂၂)နှစ် တို့သည် ဟန်းဆက် တစ်လုံး အား ဈေးနှုန်းချိုသာ စွာဖြင့် လိုက်လံရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ စစ်မေးခဲ့ရာ သက်နိုင်ထွန်းနှင့် အောင်သူရ တို့ထံမှ Honor အမျိုးအစား အဖြူရောင် ဟန်းဆက် တစ်လုံး (တန်ဖိုး ၅၀၀၀၀ိ/-ခန့်) အား တွေ့ရှိရပြီး ဟန်းဆက်နှင့်ပတ်သက်၍ ၄င်းတို့ ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆို ပြ သနိုင်ခြင်း မရှိသဖြင့် သက်နိုင်ထွန်း နှင့်အောင်သူရ တို့အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
Sunday, May 31, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment