၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် (၁၀း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်အတွင်း မှုခင်းကျဆင်းရေး လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၁၁)ရပ်ကွက်၊ (၁၀)လမ်းပေါ်၌ မသင်္ကာဖွယ် လူတစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိမေးမြန်းရာ ၄င်းမှာ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်နေသူ ၀င်းကိုနိုင်(၂၃)နှစ် ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ၄င်း ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ၀င်းကိုနိုင်အား ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း (ပ)၂၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Sunday, May 31, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment