Friday, May 29, 2015

  မြိုင် မေ ၂၈
            ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်မြိုင်မြို.နယ်အခြေခံ
ပညာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၁၅-၂၀၁၆ ခုနှစ်ပညာသင်နှစ်မြို.နယ်လုံးကျွတ်ကျောင်းအပ်နှံရေး
နေ.ကို မေ ၂၈ ရက်နေ.နံနက် ၉ နာ ရီက မြိုင်အထကကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
              အဆိုပါကျောင်းအပ်နှံရေးနေ.တွင်မြို.နယ်အုပ်ချုပ်ရေမှူးဦးရဲလင်းအောင်ကအဖွင့်အမှာစကားပြော
ကြားပြီး မြို.နယ်ပညာရေးမှူးဦးသန်းအေးက မြို.နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနှင့်ပညာရေးဝန်ကြီးဌာန ကအခမဲ့ဖြန်.ဝေသော ကျောင်းသုံးပုံနှိပ်၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို ကျောင်းသားကျောင်း/ကျောင်းသူ
များကိုပေးအပ်ခြင်း နှင့်ရှင်းလင်းမှာကြားသည်။
            ထိုနောက်ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို ကျောင်းသား/ကျောင်း
သူများအား အခမဲ့ပေးအပ်ကြပြီး မြို.နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့်အမျိုးသမီးရေးရာအဖွဲ.
များ၊အခြားစေတနာရှင်များက ကျောင်းဝတ်စုံနှင့်စာအုပ်များကို ကျောင်းသား/ကျောင်းသူများအား အခမဲ့ပံ့ပိုးမှု
များပေးအပ်ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video