၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ (၅) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်း မြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ အောင်သပြေရပ်နေ ဦးဝင်းရွှေ၏နေအိမ်တွင် လောင်း ကစား ပြု လုပ်နေကြောင်း သတင်းအရ ရေနံချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်း ကစားဝရမ်းအမှတ် ၈/၂ဝ၁၅ ဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်း ရရှိပါသည်။
အောင်သပြေရပ်နေ ဦးဝင်းရွှေ၏နေအိမ်ရှေ့အဖီတဲတွင် အောင်သပြေရပ်နေ ဒေါ်အမာတင်(ခ) အမကြီး၊ ၅ဝနှစ်၊ တစ်ရပ်ကွက်တည်းနေ မချစ်စုစံ(၂၄)နှစ်၊ မစန္ဒာလှိုင်(၂၉)နှစ်၊ အိုးဘိုရပ်ကွက်နေ ကိုအောင်ကို (၂၉)နှစ်နှင့် အိုးဘိုရပ်ကွက်၊ စည်ပင်သာယာမြောက်ရပ်နေ ကိုကျော်ဆန်း၊ (၄၇)နှစ်တို့ ၅ဦးတို့အား ဒိုးဇက်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ဒိုးဇက် လောင်းကစားရာတွင် အသုံးပြုသော ဒိုဇက် (၂၈)ခု၊ (၂)ပေပတ်လည်ခန့်ရှိအထပ်သား(၁)ချပ်၊ ငွေစက္ကူရောရာ ၃၈၂၅ဝိ/-နှင့်အတူတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ဒေါ်အမာကြည်ပါ (၅)ဦးအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၇၉/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၂(က)/၁၃(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment