Saturday, May 30, 2015
12:35 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
စေတုတ္တရာ မေ ၃၀
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းစီမံချက်(ယင်းမာ)အရ ၂၀၁၅-ခုနှစ် မေလ(၂၆)ရက်နေ့ မှ ဇွန်လ(၂၆)ရက်နေ့အထိ တစ်လတာ အထူးကာလအဖြစ် သတ်မှတ်လျက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးရိုင်၊ စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မေ(၂၉)ရက်နေ့ နေ့လယ်
(၂း၀၀)နာရီ အချိန်က မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သန်းမှ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုး၊ ကောင်းကျိုးနှင့် မူးယစ်ဆေးဝါအန္တရာယ်နှိမ်နှင်းကာကွယ်တားဆီးရေး လုပ်ငန်းများကို အထူး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းပြောကြားကာ အခမ်းအနားအပြီးတွင် အခမ်းအနားသို့ တက်ရောက်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်းများကို ဖြန့်ဝေခဲ့ကြောင်းသိရှိရသည်။မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်
မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment