Saturday, May 30, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ငလှိုင်ခြုံအုပ်စု၊ ငါးခူအိုင်ရေနံမြေမှ ဦးကျော်သူရ၏ ယာမြေအတွင်း မြိုင်မြို့နယ်၊ ဝယ်ထောင် ရွာနေ ရေနံကျင်းပိုင်ရှင်ဖြစ်သူ ဦးကံသွယ် (၃၉)နှစ်၏ရေနံကျင်းတွင် ၄င်းကိုယ်တိုင် ရေနံ ခပ်နေစဉ် ကျင်း သံပိုက်နှင့် ရေနံခပ်ခွက်သံပိုက်တို့ ပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဦးကံသွယ် တွင် လက်မောင်း/ ဝဲခြေသလုံးတို့တွင် မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိခဲ့ကာ စက်ကလပ်ခုံ (၂)စုံ၊ ရေနံ(၄)ပေပါ၊ စုစုပေါင်းတန်ဘိုး ၁,ဝ၂ဝ,ဝဝဝိ/-တို့ မီးလောင်ဆုံးရှုံးသွားသဖြင့် ရေနံကျင်းတွင် ပေါ့ဆစွာရေနံခပ်ယူသူ ဦးကံသွယ်အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၆၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၃၇ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

 အမှုမှ တရားခံ မြိုင်မြို့နယ်၊ ဝယ်ထောင်ရွာနေ ရေနံကျင်း ပိုင်ရှင်ဖြစ်သူ ဦးကံသွယ်(၃၉)နှစ်နှင့် သရက် မြို့နယ်၊ ငါးခူအိုင်တဲတိုက်နေ ယာပိုင်ရှင် ကျော်သူရ(၃၃)နှစ်တို့သည် စွမ်းအင် ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲ တရားမဝင် ရေနံတူးဖော်လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် တူးဖော်ခွင့်ပြုသူ ကျော်သူရနှင့် တူးဖော်သူ ဦးကံသွယ်တို့အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၇ဝ/၂ဝ၁၅၊ နိုင်ငံတော် ပိုင် စီးပွားရေး လုပ်ငန်းများဥပဒေပုဒ်မ - ၉ အရ ဆက်လက် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video