မြို့သစ် မေ ၂၉
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား
ကိုမြို့သစ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းရတနာခမ်းမတွင်မေလ ၂၉ ရက်နေ့ နံနက်ပိုင်းကအဆိုပါကျောင်းဝန်းအတွင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှုး
ဦးဗိုလ်အောင်မောင်မောင်က နုတ်ဆက် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှုး
ဒေါ်ခင်အုန်းမြက မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနှင့်စပ်လျဉ်း၍ အသေးစိပ်ရှင်းလင်းဆွေးနွေး
ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်က ထောက်ပံ့ပေးသောဗလာစာအုပ်(၆)အုပ် ပုံနှိပ်စာအုပ်များ
ကို မြို့နယ်အုပ်ချုပ်ရေးမှုးဦးဗိုလ်အေါင်မေါင်မေါင်လည်းကောင်းဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်
ထမ်းများက အလှူငွေနှင့်ကျောင်းဝတ်စုံများကိုလည်းကောင်းအမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းဝင်များကအလှူငွေနှင့်ကျောင်းဝတ်စုံများကိုလည်ကောင်း
ကိုယ်ပိုင်သင်တန်းကျောင်း ဘော်ဒါကျောင်းအုပ်ဆရာများကစုပေါင်းကာအလှူငွေနှင့်ကျောင်းဝတ်
စုံများကိုပေးအပ်ခဲ့ရာ တာဝန်ရှိဆရကြီး/ဆရာမများကလက်ခံရယူခဲ့သည်။
အခမ်းအနားသို့ဌာနဆိုင်ရာ တာဝန်ရှိသူများ အမျိုးသမီးရေးရာအဖွဲ့ဝင်များမိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ကျောင်းသားမိဘများနှင့်ဆရာ/ဆရာမများကျောင်းသား
ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
Friday, May 29, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment