Thursday, May 28, 2015
3:40 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး မေ ၂၈
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား လူထုလှုပ်ရှား မှုအသွင်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်(ယင်းမာ)အရ ၂၀၁၅-ခုနှစ် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့ အထိ တစ်လတာ အထူးကာလအဖြစ် သတ်မှတ်လျက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မင်းဘူးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမတွင် မေလ(၂၈)ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်က မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ နှင့် ဓါတ်ပုံ၊နံရံကပ်စာစောင်ပြပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးသန်းဌေးမှ မှုးယစ်ဆေးဝါးများ အကြောင်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများမှ ခန်းမအတွင်း ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး ဓါတ်ပုံများနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားကာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သူရထွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment