Thursday, May 28, 2015

မင်းဘူး      မေ       ၂၈
    အနာဂတ်သာယာလှပဖို့ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ မင်းဘူး(စကု)မြို့နယ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၈)ရက်နေ့ နံနက် (၉)နာရီအချိန်က မင်းဘူးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မုခ်ဦးရှေ့တွင်ကျင်းပပြုလုပ်ရာ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဖဲကြိုးအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင်၊မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး သက်ထွန်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားအား အ-ထ-က(၂)ခန်းမတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဒေါ်အေးအေးမှ ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက်  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းသား/သူများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှင့် တာဝန်ရှိသူများမှ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်ပေးအပ်လှူဒါန်းပြီး အလှူရှင်များမှ ကျောင်းအပ်နှံရေးအလှူငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်းကာ အခမ်းအနားအားရုပ်သိမ်းခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video