၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နေ့လည်(၁၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်း၊ ကန်သာကန် မြောက်ဘက်ခြမ်း ကန်ဘောင်အခြေတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မကွေးမြို့၊ မြင်သာရပ်ကွက်နေသူ ဦးသန်းဝင်း (၅၁)နှစ် ဖြစ်ကြောင်း ဦးသန်းဝင်း၏ သမီးဖြစ်သူ မမူမူထွန်းမှ ပြောပြသိရှိရပြီး ဦးသန်းဝင်း ၏ အလောင်းမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေသည် ကို တွေ့ရှိ ရ ကြောင်း၊ သေဆုံးသူမှာ လွန်ခဲ့သော(၂၃) နှစ်ခန့်ကတည်းက အရက်သေစာ အလွန်အကျွံ သောက်စား ၍ အရက်စွဲနေသူဖြစ်ကြောင်း၊ အကြောတက် ရောဂါနှင့် ခန္ဓာကိုယ်အောက်ပိုင်း သန်စွမ်းမှုနည်းပါး ကြောင်း စုံစမ်းသိရှိရပြီး ၂၉.၅.၂၀၁၅ ရက်နေ့ ၀၇၀၀ အချိန်တွင် နေအိမ်မှထွက်ခွာသွားရာ ပြန်လည်ရောက် ရှိလာခြင်း မရှိသဖြင့် ၃၀.၅.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် မမူမူထွန်းမှ ၎င်း၏ဖခင် အရက် သောက်စားလေ့ရှိသည့် ကန်သာကန်ဘောင် တစ်ဝိုက်တွင် ရှာဖွေခဲ့ရာမတွေ့ ရှိခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာ ကန်သာကန်ဘောင်မြောက်ဘက်ခြမ်း ကန်ဘောင်ခြေတွင် သေဆုံးနေ သည်ကို တစ်ရပ်ကွက်တည်းနေသူများမှ တွေ့မြင်ရကြောင်း ပြောပြသိရှိရကြောင်း၊ စစ်ဆေး သိရှိရ သဖြင့် ဦးသန်းဝင်း သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်/ မဟုတ် စစ်ဆေးနိုင်ရန် မကွေးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် ရေးဖွင့်ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
Sunday, May 31, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment