Monday, May 25, 2015
11:44 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ချောက် မေ ၂၄ ရက်
ချောက်၊လမ်းရွာ ရေနံမြေ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Gold Petrol ရေနံကုမ္ပဏီ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး CSR (Corporate Social Responsibility )၏ ချောက်မြို့အမှတ် (၁)၊(၂)၊(၃)၊(၄) ရပ်ကွက်များ မြို့ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၊ အဆိုပါရပ်ကွက်ရှိပြည်သူများ နှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ချောက်မြို့ ၊ အမှတ် (၂) ရပ်ကွက်ရှိ အလယ်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ( စီမံ ) ဦးမြင့်ဇော် တက်ရောက်ပြီး မြို့ရေပေးဝေရေးလုပ်ငန်း နှ င့် ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ချောက်၊လမ်းးရွာ ရေနံမြေ အထွေထွေမန်နေဂျာ ဦးကရင်နော်အောင် က အမှတ် (၂) ရပ်ကွက် တွင် ၁၈`× ၁၈`ရှိ ပွန်တွန်းတည်ဆောက်ခြင်း ၊ ပွန်တွန်းအတွက် 160KVA ထွန်စဖော်မာ တပ်ဆင်ပေးခြင်း ၊ 11KVA ဓာတ်အားလိုင်းများသွယ်တန်းပေးခြင်း ၊ 160KVA မှ ပွန်တွန်းထိ 440v မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၊ Cortorl Panel Unite များထိုင်ရန်အတွက် Pump House တည်ဆောက်ခြင်းလုပ်ငန်း KSB (၂) ထပ်ပန့် နှင့် မော်တာ (၁) လုံး ၊ ပွန်တွန်းပေါ်တွင် တပ်ဆင်ခြင်းလုပ်ငန်းကို ကျပ်သိန်းပေါင်း ၄၇၀ ကျပ်ဖြင့် ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းခြင်း ၊ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှ ပွန်တွန်းမှ ရေဂါလန် (၅၀၀၀) ဆန့် ရေကန် (၁)လုံးသို့ ၆ လက်မ အကျယ် GI ပိုက် ရေတင်ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း အမှတ် (၁) ရပ်ကွက် အောင်မင်္ဂလာကုန်းတွင် ဂါလန် (၅၀၀၀) ဆန့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ၊ ဂါလန် (၅၀၀၀) ဆန့်ရေစုကန်မှ အမှတ် (၁) ၊(၂)၊ (၃) ရပ်ကွက်များသို့ ရေဖြန့်ဝေရန် ၆လက္မ အကျယ် GI ပိုက် ဖြင့် ရေဖြန့်ဝေရေး ၊ ရေဝေလိုင်း ၃၀၀၀ ပေ အရှည် ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ကို ကျပ်သိန်းပေါင်း ( ၁၁၅၀ ) ကုန်ကျခံ တည်ဆောက်ထားမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရသည်။
၎င်းနောက် တက်ရောက်လာကြသူများမှ အဆိုပါမြို့ရေပေးဝေရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ ချက်များအားစွမ်းအင်ဝန်ကြ၊ီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး နှင့်အဖွဲ့တို့မှ ပြန်လည်ရှင်းလင်းဖြေကြားပေး
ခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဒုတိယ၀န်ကြီး နှင့် အဖွဲ့သည် ပွန်တွန်းအတွက် 160KVA တပ်ဆင်ခြင်းလုပ်ငန်း နှင့် ဧရာဝတီမြစ်တွင်း Control Panel Unit မှ ရေတင်နေမှု ၊ အမှတ် (၁) ရပ်ကွက် အောင်မင်္ဂလာကုန်းတွင် ဂါလန် (၅၀၀၀) ဆန့်ရေစုကန်တည်ဆောက်
ထားမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန ၊ ချောက်၊လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာ ဦးကရင်နော်အောင် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးထင်အောင် တို့က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဒုတိယ၀န်ကြီး နှင့် အဖွဲ့သည် ချောက် မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံဆေးရုံသို့ နံနက် ( ၁၀ )နာ ရီ အချိန်ရောက်ရှိကာ ဆေးရုံအတွင်း တိုးချဲ့တည်ဆောက်မည့် ၆၀ `× ၃၀`× ၁၂` တစ်ထပ်လူနာဆောင် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ချောက်မြို့ ရေနံဆေးရုံ သို့ CSR အစိအစဉ်ဖြင့် Gold Petrol မှ လှူဒါန်းသော ၂၉.၅ သိန်း တန်ဖိုးရှိ CORALAB 3000 ကျန်းမာရေးစစ်ဆေးစက် တပ်ဆင်ထားမှုအား ကြည့်ရှ့စစ်ဆေးခဲ့ပြီး ဆေးရုံအုပ်ကြီး နှင့် ၀န်ထမ်းများတွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment