Thursday, January 28, 2016


မင်းဘူး ဇန်န၀ါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်း အနားကို ဇန်န၀ါရီ ၂၁ ရက်နေ့ နံနက်(၉)နာရီအချိန်က မင်းဘူး-ကျောက်တန်းလမ်း၊နဂါးပွက်တောင်အနီးရှိ အဆိုပါ ရုံးသစ်ရှေ့တွင် ကျင်းပရာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးမှ ရုံးသစ်ဖွင့်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးမှ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။
ထို့နောက် ရုံးသစ်အဆောက်အဦးအား တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ဆွေ၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးသစ်ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖြန်းပေးကြသည်။ ၎င်းနောက် ရုံးသစ်အား လိုက်လံကြည့်ရှုပြီး ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီိး ဦးစီးမှူး ဦးကျော်ဆွေ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းနှင့် မင်းဘူး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်အား ရန်ပုံငွေကျပ် (၁၂၃ ဒဿမ ၇၅)သန်းဖြင့် EXID Group ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး (၇၆x၇၆x၁၂)ပေ အတိုင်းအတာရှိ သံကူကွန်ကရစ်(၁)ထပ် အဆောက်အဦးဖြစ်ကြောင်း သိရှိရသည်။



မကွေး ဇန်နဝါရီ ၂၇
မကွေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းဖြစ်သည့် MEC ကိုယ်ပိုင်အထက်တန်း ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲကို ယမန်နံနက်(၉)နာရီက မကွေးမြို့ မြို့တော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
MEC ကိုယ်ပိုင်အထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို MEC န၀မတန်း ကျောင်းသား ကျောင်းသူများက ဖူးပွင့်ဝေစီMEC သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် MEC ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးအောင်နိုင်ဝင်းမှ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ ကျောင်းသား/သူ အချင်းချင်း မိသားစု စိတ်ဓါတ်မွေးမြူတက်လာစေရန်နှင့် ပညာသင်နှစ် တစ်နှစ်တာအတွင်းမှာ ကြိုးစားအားထုတ်သင်ယူခဲ့ သူများအား အသိအမှတ်ပြု ဂုဏ်ပြုဆုချီးမြှင့်တဲ့ပွဲဖြစ်ကြောင်း စသည်ဖြင့်ပြောကြားပြီး MEC ကျောင်းမှ ကြီးကြပ်အုပ်ချုပ်သူ ဒေါ်ဝင်းရီမှ ကျောင်းလုပ်ငန်းစဉ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ကျောင်းသား ကျောင်းများ၏ မိဘများကိုယ်စား မိဘတစ်ဦးမှ MEC ကိုယ်ပိုင် အထက်တန်းကျောင်း တိုးတက်ရာတိုးတက်ကြောင်း အကြံပြုဆွေးနွေးပြောကြားပြီး MEC ကျောင်းသား ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ရာ သွေးကစကားပြောသည်၊ ပုဂံအက အလှ၊မနောမြေတေးသံသာတေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။ ၄င်းနောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများအား စလွယ်နှင့်ငွေသားဆု ချီးမြှင့်ခြင်း၊ နိုင်ငံတော်အဆင့် ဗဟိုအဆင့် သင်္ချာအိုလံပစ်ရရှိသူများ ဆုချီးမြှင့်ခြင်း၊၂၀၁၅-၂၀၁၆ တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့်သင်္ချာအိုလံပစ်ပြိုင်ပွဲတွင်ဆုရရှိသူများအားဆုချီးမြှင့်ပေးအပ်ခြင်းနှင့် တက္ကသိုလ် ၀င်တန်းတွင် ထူးချွန်အောင်သင်ကြားပေးခဲ့သော ဆရာကြီး ဆရာမကြီးများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင် ချီးမြှင့် ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆုများချီးမြှင့်ရာတွင် ၅ ဘာသာဂုဏ်ထူးရှင် မောင်လွင်ပိုင်ဦး ရမှတ်ပေါင်း(၅၂၆)မှတ်ရရှိပြီး တိုင်းဒေသကြီးအဆင့် ၉ ဖြင့်အောင်မြင်ခဲ့သူအား စလွယ်နှင့်ငွေသား ၆ သိန်း ချီးမြှင့်ခဲ့ပြီး၊ ၆ဘာသာ၊၅ ဘာသာဂုဏ်ထူးရှင်များအား စလယ်နှင့်ငွေသား ၃ သိန်းစီ၊၄ ဘာသာဂုဏ်ထူးရှင် များအား စလွယ်နှင့်ငွေသား ၂ သိန်းစီနှင့် ကျန်ဂုဏ်ထူးရှင်များနှင့် ထူချွန်စွာအောင်မြင်ခဲ့ကြသူများအား ထိုက်ထိုက်တန်တန်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ MEC ကိုယ်ပိုင်အထက်တန်းကျောင်းကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ (၃၈၈)ဦး၊ ဆရာ/ဆရာမ (၄၂)ဦး ဖြင့် သင်ကြားပေးလျက်ရှိပြီး ၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင် တကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် (၅၂.၆%)၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက် ( ၆၆.၆၆%) ရရှိခဲ့ကြောင်းနှင့်MEC ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အထိ အလယ်တန်းနှင့် အထက်တန်းအထိသာ ဖွင့်လှစ်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင် မူလတန်းအဆင့်ပါတိုးမြှင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


မကွေး ဇန်န၀ါရီ ၂၇
` တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘီဂျင်း(Beijing)မြို့ Ling Guang ဗုဒ္ဓမြတ်စွယ်တော်ဘုရား ကျောင်း၏ ဗုဒ္ဓမြတ်စွယ်တော် ဆရာတော် Gaosheng Chang Zang မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သို့ ပူဇော်ရန်ချီးမြှင့်ပေးအပ်ထားသည့် ဗုဒ္ဓမြတ်စွယ် တော်ပွားအား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြသလွန်စေတီတော် ဂေါပကထံသို့ ပေးအပ်လှူဒါန်းပွဲကို မြသလွန်စေတီတော် မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ယနေ့နံနက် ၈ နာရီက ကျင်းပ ဆောင်ရွက်စဉ်။
သန်းနိုင်ဦး(ငဖဲ)

Wednesday, January 27, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂/၂၀၁၆) ဖြင့် မင်းဘူး(စကု)မြို့နယ်၊ ကူရွာကျေးရွာနေသူ မမာမာမြင့် (၄၆)နှစ် ၏ နေအိမ်ဈေးဆိုင်သို့ ၀င်ရောက်ရှာဖွေရာ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများနှင့် ငွေစက္ကူရောရာ (၇၀၅ိ/-)အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ မမာမာမြင့်အား မင်းဘူး(စကု) မြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၁၈/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

အလားတူ ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့် တွင် မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်၊ တောင်တွင်းကြီး မြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ အုန်းတော(၁) ရပ်ကွက်၊ ပန်းပဲတန်းလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် အုန်းတော(၁) ရပ်ကွက်နေသူ ဟန်လင်းစိုး (၃၈)နှစ် နှင့် ဇနီး မသန်းသန်းဝင်း (၃၀)နှစ်တို့ စီးနင်းမောင်းနှင်လာသော ၂၅ယ/xxxx KENBO 110 အစိမ်းရောင် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ မသန်းသန်းဝင်း လွယ်ထားသော နက်ပြာရောင် လက်ကိုင်အိတ်အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများ၊ ဆက်စပ် ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ ၂၅၅၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ဟန်လင်းစိုးနှင့် မသန်းသန်းဝင်း တို့အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၆/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့် ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ လှုပ်ရှားရဲကင်းမှ ရဲတပ်ကြပ် မြင့်ဌေးနှင့် အဖွဲ့သည် ဇန်န၀ါရီလ ၂၆ ရက်နေ့ ည (၉)နာရီခွဲ အချိန်ခန့်တွင် သတင်းအရ သက်သေ များ နှင့်အတူ ကလေး-မုံရွာ ကားလမ်းမပေါ် မိုင်တိုင်အမှတ် ၄၀ နှင့် ၄၁ အကြားတွင် ခရီးသည်တင် လိုင်းကား ယာဉ်များ အား စစ်ဆေးစဉ် SGG 7K/xxxx အောင်ကမ္ဘာ ခရီးသည်တင် ယာဉ်ပေါ်၌ ကျံပျော်မြို့နယ်၊ ကုန်းမြင့်သာကျေး ရွာနေသူ မမြင့်မြင့်ဝင်း (၄၄)နှစ် ထံမှ ငွေစက္ကူရောရာ (၅၄)သိန်း (၅)သောင်းကျပ်နှင့် အတူ ဖန်စီ လက်ကောက် (၂)ကွင်း (တန်ဖိုး ၇၀၀၀ိ/-)၊ ဖန်စီဆွဲကြိုး (၂)ကုံး (တန်ဖိုး ၇၀၀၀ိ/-)၊ ဖန်စီနားကပ်(၁)စုံ (တန်ဖိုး ၂၀၀၀ိ/-)၊ ဒေါ်နန်းကေသီ အမည်ပါ နိုင်ငံသား စိစစ်ရေးကဒ်၊ ဒေါ်နန်းကေသီ အမည်ပါ မော်တော် ယာဉ် မောင်း လိုင်စင်အား ရှာဖွေတွေ့ရှိရသဖြင့် မေးမြန်းရာ အဆိုပါ ငွေနှင့် ပစ္စည်းများအား ၄င်းပိုင် ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၍ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် မမြင့်မြင့်ဝင်း အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း (ပ)၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိ ပါသည်။


၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် (၁၀)နာရီ (၄၀)မိနစ်အချိန်ခန့် မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက် ၊ တာဘောင်ကြီး လမ်း၊ ကမ္ဘာ့ရတနာ ဘဏ်ရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရာနေသူ ယာဉ်မောင်း ကျော်ကျော်ဦး (၃၇)နှစ် မောင်းနှင်သော 8H/xxx LIGHT TRUCK အဖြူရောင် ယာဉ် သည် မင်းလှမြို့တွင်း ဘက်မှ မင်းဘူးဘက်သို့ ထွက်ခွာရန် ဘဏ်ရှေ့မှ တာဘောင်ကြီး လမ်းပေါ်သို့ ချိုးကွေ့ဖြတ်တက် မောင်းနှင် စဉ် ဘောင်ကြီးလမ်း အတိုင်း မြို့ပြင်ဘက်မှ မြို့တွင်းဘက်သို့ မောင်းနှင်လာသော မင်းလှမြို့၊ မြို့မရပ် ကွက်နေသူ သန်းထက်ဦး (၂၈)နှစ် မောင်းနှင်သည့် ၅ယ/xxxxx KENBO 125 အစိမ်းရောင် ဆိုင်ကယ်အား အရှိန် မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိ၍ သန်းထက်ဦး တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ကျော်ကျော်ဦးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ ဈေးကုန်းရပ်ကွက်နေသူ ဦးပြေသိမ်း (၅၇)နှစ် ၏ နေအိမ်ပွဲရုံသို့ ပဲတီစိမ်း ၀ယ်ရန် မကွေးမြို့မှ ရောက်ရှိလာသော ကိုးစိုးပိုင်နှင့် ကိုဖိုးလုံးတို့မှာ ၎င်းနေအိမ်တွင် ညအိပ် တည်းခိုခဲ့ပြီး နောက် တစ်နေ့ နံနက် (၆)နာရီခွဲ အချိန်ခန့် အိပ်ယာမှ နိုးသောအခါ ကိုဖိုးလုံး အိပ်ယာဘေး ခရီးဆောင် ကျောပိုး အိတ်အတွင်း ထည့်ထားသော CDMA ဆင်းကဒ်ပါ HUAWEI ဟမ်းဆက် တစ်လုံးပျောက်ဆုံး သွားသဖြင့် အိမ်ရှင် ဦးပြေသိမ်းအား စုံစမ်းပေးရန် ပြောခဲ့ပြီး မကွေးမြို့သို့ ပြန်သွားကြောင်း သိရသည်။
၂၅.၁.၂၀၁၆ ရက်နေ့တွင် ကိုဖိုးလုံးမှ ၎င်းပျောက်ဆုံးသွားခဲ့သည့် ဖုန်းမှာ အောင်လံမြို့၊ သရက်တော ရပ်ကွက်နေ ကိုနှင်းကျော်မိုးထံ ရောက်ရှိနေကြောင်း စုံစမ်းပြောပြ သိရှိရသဖြင့် ဦးပြေသိမ်းမှ သွားရောက် မေးမြန်းရာ လွန်ခဲ့သော (၄)လခန့်က ကျော်ကျော်လွင် ထံမှ ငွေ ၃၀၀၀ိ/-ဖြင့် ၀ယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ကျော်ကျော်လွင်အား ဆက်လက် မေးမြန်းရာ အောင်လံမြို့၊ ဇေယျဝတီ ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ အရှည်ကြီး(ခ) မင်းမင်းထွေး (၄၀)နှစ် မှ ရောင်း ခိုင်းခြင်း ဖြစ်ကြောင်း မေးမြန်း သိရှိရသဖြင့် ဟမ်းဆက်ခိုးယူသွားသူ အရှည်ကြီး(ခ) မင်းမင်းထွေးအား အရေးယူ ပေးပါရန် ၂၆.၁.၂၀၁၆ ရက်နေ့တွင် ဦးပြေသိမ်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် အောင်လံ မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဂွေးတောက်စမ်း ကျေးရွာနေသူ ဒေါ်xxx(မုဆိုးမ) (၄၇)နှစ် သည် ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် (၁)နာရီအချိန်ခန့် နေအိမ်တဲအတွင်း ကွပ်ပြစ်ပေါ်တွင် တစ်ဦးတည်း အိပ်နေစဉ် လူတစ်ယောက် ရောက်လာပြီး ခြုံထားသော စောင်အား ဆွဲလှပ်လိုက်သဖြင့် အိပ်ယာမှနိုးကာ "ဘယ်သူလဲ''ဟု မေးရာ "ငါပါ''ဟု ပြောသံကြား၍ လှည့်ကြည့်ရာ အိမ်နီးချင်းဖြစ်သူ ဦးxxxx (မုဆိုးဖို) (၅၈)နှစ် ဖြစ်သည်ကို တွေ့ရှိရပြီး ဒေါ်xxxx၏ ပါးစပ်အား လက်ဖြင့် ပိတ်သဖြင့် ဒေါ်xxxမှ ရုန်းကန်ခဲ့ ရာ မြေပြင်သို့ လုံးထွေးကျခဲ့ကာ မြေပြင်တွင် ဒေါ်xxxအား တွန်းလှဲပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်သူ ဦးxxxxအား အရေးယူ ပေးပါရန် ၂၆.၁.၂၀၁၆ ရက်နေ့ တွင် ဒေါ်xxxမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၁/ ၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

Sunday, January 24, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၃ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ (၂၁)လမ်းတွင် မီးလောင်မှု  ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ (၂၁)လမ်းနေ စိန်လျှံထက် ပဲကြော်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကျော် (၅၃)နှစ်၏ (၄x၄)ပင်၊ သွပ်မိုးအုတ်ကာ မြေစိုက် အုတ်တိုက်၏ နောက်ဖေးတွင် ပဲကြော်လုပ်ငန်း လုပ်ကိုင်ရန် အတွက် ဆောက် လုပ် ထားသော (၂၀x၁၅)ပေ သွပ်မိုး၊ မျှောတိုင်စိုက် (အကာမရှိ) တဲအတွင်း ပဲကြော်ရန် အတွက် တည်ထား သည့် ဆီဒယ်အိုးမှ အပူလွန်ကဲပြီး နေ့ (၁၁)နာရီ (၅၂)မိနစ်အချိန် စတင်မီးကူးစက် လောင်ကျွမ်းခဲ့ရာ ခရိုင်မီးသတ် လက်ထောက် ညွှန်မှူး ဦးကျော်နိုင် ဦးစီး မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဦးစီးတပ်ဖွဲ့ဝင် (၂၃) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၀)ဦး၊ ပြည်သူ(၁၀၀)ဦးတို့မှ မြို့နယ်မီးသတ်ယာဉ် (၄)စီး၊ အမှတ် (၁၁) ရပ်ကွက် အရန်မီးသတ်ယာဉ် (၂)စီးတို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နေ့လည် (၁၂)နာရီ (၁၅)မိနစ် အချိန် မီးငြိမ်းသွားခဲ့၊ မီးလောင်မှုကြောင့် (၂၀x၁၅)ပေ သွပ်မိုးမျှောတိုင်စိုက် (အကာမရှိ)တဲ (၁)လုံး (တန်ဘိုး ၅၀၀၀/-ခန့်) ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ကျေကျော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောက်ရေနံမြေ မှ လုံခြုံရေးအဆင့်(၃) ဦးထန်နိုင်း အဖွဲ့ နှင့် ချောက်ရေနံမြေ လုံခြုံရေးတပ်စုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၂၃ ရက်နေ့  နေ့လည် (၁၂)နာရီအချိန်ခန့်တွင် သက်သေ များ နှင့်အတူ ရေနံမြေအတွင်း လှည့်ကင်း ဆောင် ရွက်နေ စဉ် ချောက်ရေနံမြေ ၀ဲကြီးကုန်း၊ ကင်းရုံ နယ်မြေ ရေနံတွင်း အမှတ်-၁၀၉၇ အနီးတွင် မသင်င်္ကာဖွယ် လူ(၅)ဦး အား တွေ့ရှိရ၍ စစ်ဆေးရာ ၎င်းတို့(၅)ဦးမှာ ချောက်မြို့၊ အုံမြားရွာသစ် ရပ်ကွက်နေသူ လူမော်(ခ) ပတ်ကြား (၂၉)နှစ် နှင့် တစ်ရပ်ကွက်တည်း နေသူများဖြစ်သော မျိုးဝေယံ (၁၉)နှစ်၊ ဇော်မင်း(၂၃) နှစ်၊ မိုးလွင် (၂၈)နှစ်၊ အောင်မင်း (၃၀)နှစ် တို့ဖြစ်ပြီး ၎င်းတို့ထံတွင် ရေနံခပ်ရာတွင် အသုံးပြုသော ရေနံများ ပေနေသည့် စတီးဇလုံ(၁)လုံး၊ ရေနံများပေနေသော အပြာရောင် ဘောင်းဘီတို (၁)ထည်/ အ၀ါရောင်ပုဆိုး (၁)ထည်၊ လောက်လေးခွ (၂)လက်တို့နှင့် အတူ ရေနံများ ခိုးယူရန် ရေနံတွင်းအနီး ကျူးကျော် ရောက် ရှိ နေကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့် လူမော်(ခ) ပတ်ကြား ပါ(၅)ဦးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၃/၂၀၁၆၊ ပြည်သူပိုင် ပစ္စည်းကာကွယ် စောင့်မှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Thursday, January 21, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့် ရေနံချောင်းမြို့၊ စက်မှုဇုံရပ်ကွက်ရှိ စက်မှုဇုံ အော်တိုအိပ်ချိန်း ရုံးခန်းတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံးကြောင်း သတင်းအရ သက်သေများ နှင့် အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စက်မှုဇုံရပ်ကွက်နေသူ စက်မှုဇုံအိပ်ချိန်းရုံးခွဲ တာဝန်ခံ ဦးကိုကိုဦး (၄၅)နှစ်ဖြစ်ပြီး ၄င်းသည် ရုံးခန်းအတွင်းရှိ တာဝါတိုင်မှ သံတန်းအား အရှည် (၁၆)တောင်ခန့်၊ လုံးပတ်(၃)မူးလုံးခန့်ရှိ နိုင်လွန်ကြိုးခဲရောင်ဖြင့် ပြင်ပဒဏ်ရာ မရှိဘဲ ကြိုးဆွဲချ သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိရပြီး ၄င်းသည် စီးပွားရေး အဆင် မပြေ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင် ရန် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည်(၁၁)နာရီ (၄၅)မိနစ် အချိန်ခန့် သတင်းအရ သက်သေများ နှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁/၂ဝ၁၆)ဖြင့် မကွေးမြို့၊ သိင်္ဂါရပ်ကွက်နေသူ ဒေါ်မာဌေး (၄၅)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်မာဌေးအား နေအိမ်နောက်ဖေးတွင် တွေ့ရှိရပြီး ၄င်း၏ခန္ဓာ ကိုယ်ပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ နှင့် လောင်းကြေးငွေ (၉၆၁၅ဝိ/-)တို့အား သိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ ဒေါ်မာဌေးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇/၂ဝ၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။



၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် (၄)နာရီ(၁၀)မိနစ် အချိန်ခန့် ပခုက္ကူဆေးရုံကြီးတွင် ယာဉ်မတော် တဆဖြစ်၍ လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ နံနက် (၃)နာရီ (၄၀)မိနစ်အချိန်ခန့်က ပခုက္ကူ-ပေါက် ကားလမ်းအတိုင်း ပခုက္ကူမြို့ဘက်မှ ပေါက်မြို့ဘက်သို့ မုံရွာမြို့နေသူ မင်းသူ(ခ) မျိုးမင်းထွန်း (၂၉)နှစ်မောင်းနှင်ပြီး မုံရွာမြို့၊ အမှတ်(၄) ရပ်ကွက်နေသူ ဟန်စိုးဘို (၂၂)နှစ် လိုက်ပါလာသည့် 9H/xxxx MAZDA TITAN အဖြူရောင် ယာဉ်သည် ပခုက္ကူမြို့၊ ကွန်ပျူတာ တက္ကသိုလ်အနီး မိုင်တိုင်အမှတ် (၇/၃) အရောက်တွင် ကား၏ ယာဘက်ရှေ့ဘီး ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ဟန်စိုးဘိုတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ မင်းသူ(ခ) မျိုးမင်းထွန်းအား ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂ဝ၁၆၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် (၁)နာရီ(၁၅)မိနစ်အချိန်ခန့် ပေါက်-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် (၂၈/၁) အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ပေါက်-ပခုက္ကူ ကားလမ်းအတိုင်း ပခုက္ကူမြို့မှ ပေါက်မြို့ဘက်သို့ ပေါက်မြို့၊ အောင်တံခွန် ရပ်ကွက်နေသူ ကျော်ဇင်ဝင်း (၃ဝ)နှစ် မောင်းနှင်ပြီး ပေါက်မြို့၊ ရွှေပေါက်ပင်ရပ်ကွက် နေသူ ယာဉ်နောက် လိုက် ဇော်နိုင်မိုး (၁၆)နှစ်နှင့် ခရီးသည် ကျား(၂)ဦး မ(၂)ဦး လိုက်ပါလာသည့် ၁ခ/xxxxx ROSA ဖြူပြာ ကြားရောင် စိန်ပြည့်ဖြိုး ခရီးသည်တင်ယာဉ်သည် ယာဉ်ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက် မြေသားနံရံအား ဝင်ရောက်တိုက်မိသဖြင့် ယာဉ်မောင်း ကျော်ဇင်ဝင်း၊ ယာဉ်နောက် လိုက် ဇော်နိုင်မိုးနှင့် ယာဉ်ပေါ် လိုက်ပါလာသော ပေါက်မြို့နယ်၊ ငမို့လေး ကျေးရွာနေသူ မကြည်အေး (၄၈)နှစ် အပါအဝင် ခရီးသည် ကျား(၂)ဦး၊ မ(၂)ဦးတို့တွင် မစိုးရိမ်ရသော ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်ဇင်ဝင်းအား ပေါက်မြို့နယ်၊ ရေပြာ နယ်မြေရဲစခန်း ယာဉ်(ပ) ၃/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ(၆)နာရီ အချိန်ခန့် နတ်မောက်မြို့နယ်၊ ကန်ကြီးကုန်း ကျေးရွာအနီး၊ နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် (၄၉/၅)ရှိ နွားမျှောချောင်း ရေကျော် ကုန်းအတက်တွင် ယာဉ်မတော်တဆမှု ဖြစ်ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း နတ်မောက်မြို့ဘက်မှ ကန်ကြီးကုန်း ကျေးရွာဘက်သို့ ကန်ကြီးကုန်း ကျေးရွာနေသူ သန်းလင်းထွန်း (၃ဝ)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ခရီးသည် (၂ဝ)ဦး လိုက်ပါလာသော 3J/xxxx ဖောအပြာရောင် ယာဉ်သည် ကုန်းအတက်တွင် နောက်ပြန် လျှောကျ ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၂ဝ)ဦးအနက် ပွင့်ဖြူမြို့နယ်၊ မဲအင်းကျေးရွာနေသူ ဝင်းလှိုင် (၃၉)နှစ်သည် ယာဉ်ပေါ်မှ ပြုတ်ကျကာ ဦးခေါင်း အား နောက်ဘီးဖြင့် ကြိတ်မိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ သန်းလင်းထွန်း အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Monday, January 18, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ (၁၆)ရက် ည (၁၂)နာရီ (၂၅)မိနစ် အချိန်ခန့် ပခုက္ကူမြို့နယ်၊ ကြီးရွာအနီး၊ ပခုက္ကူ-ရေစကြို ကားလမ်း မိုင်တိုင်အမှတ် (၅/၃)နှင့် (၅/၄)အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပခုက္ကူဘက်မှ ရေစကြိုမြို့နယ် ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ တောင်ရွာနောင်(မ)ရွာနေသူ အောင်မြတ်မိုး (၁၉)နှစ် မောင်းနှင်ပြီး နောက်မှ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်နေသူ အောင်ကိုကို (၁၇)နှစ် လိုက်ပါလာသော ၂၉ယ/xxxxx SHAYAN-110 အစိမ်းရောင် ဆိုင်ကယ်သည် လားရာတူ လမ်းယာ ဘက်ဘေးတွင် စက်ပျက်၍ရပ်ထားသည့် ရေစကြိုမြို့နယ်၊ သဲတော ကျေးရွာနေသူ မောင်ညွန့် (ခ) ဥာဏ်ထွန်း (၃၆)နှစ်၏ ၉ဌ/xxxxx လီဖန်း အနက်ရောင် ဖောယာဉ် အား နောက်မှ ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်လဲကျကာ အောင်မြတ်မိုးနှင့် အောင်ကိုကို တို့တွင် ဒဏ်ရာ များ အသီးသီးရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ အောင်မြတ်မိုးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁ဝ/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် (၆)နာရီ(၅)မိနစ် အချိန်ခန့် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ပခုက္ကူ-ညောင်ဦး ကားလမ်းပေါ် ဧရာဝတီတံတား(ပခုက္ကူ) တံတားတိုင်အမှတ် (ကေ-၄၇)နှင့်(ကေ-၄၈) အကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပခုက္ကူမြို့ ဘက်မှ ညောင်ဦးမြို့နယ်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ မြောက်ခလန်း ကျေးရွာနေသူ မင်းမင်း (၂၅)နှစ် မောင်းနှင်သော ၄၆ယ/xxxxx SHAYAN-110 အနက်ရောင် ဆိုင်ကယ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက် ပလက်ဖောင်းသို့ ဝင်ရောက် တိုက်မိပြီး ဆိုင်ကယ်လဲကျကာ မင်းမင်းမှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား၍ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မင်းမင်း အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Friday, January 15, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့်အဖွဲ့၊ အောင်လံမြို့နယ် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေ (၅)နာရီ အချိန်ခန့် အောင်လံမြို့၊ ကျောက်ဆည်ကျေးရွာနေ မြင့်ခိုင် (၄၁)နှစ် ၏ နေအိမ် တွင် တရားမ၀င်ကျွန်းသစ်များ ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေ ရာ နေအိမ်ဝိုင်း အတွင်း၌ ကျွန်းသစ်များ မတွေ့ရှိဘဲ ကျောက်ဆည်ကျေးရွာ ဘုန်းကြီးကျောင်း ၀ိုင်းအတွင်း စုပုံထားသည့် တရားမ၀င် ကျွန်းသစ်ခွဲသားဆိုဒ်စုံ (၀.၅၄)တန်၊ ပျဉ်းကတိုး ခွဲသားဆိုဒ်စုံ (၀.၄၂)တန်၊ စုစုပေါင်း (၀.၉၆)တန် (တန်ဖိုး ၂၀၇,၆၀၀ိ/-ခန့်) တွေ့ရှိ သိမ်းဆည်း ရမိပြီး ၎င်းသစ်များမှာ မြင့်ခိုင် ပိုင်ဆိုင်သော သစ်များ ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် မြင့်ခိုင်အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်း (ပ)၆/ ၂၀၁၆၊ သစ်တောအက်ဥပဒေပုဒ်မ ၄၃(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ နေ့လည် (၁၂)နာရီခွဲ အချိန်ခန့် မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအနီး ယာခင်းတွင် လူတစ်ဦး သစ်ပင်ပိ၍ သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ သေဆုံးသူမှာ မြိုင်မြို့နယ်၊ တောရွာကျေးရွာနေ ဆန်းကို (၃၀)နှစ်ဖြစ်ပြီး ၎င်းသည် ၁၄.၁.၂၀၁၆ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် ရွှေလင်းဆွဲကျေးရွာနေသူ ဦးသန်းလွင်၏ ယာခင်းစပ်ရှိ လုံးပတ် (၅)ပေခန့်၊ အမြင့် (၃၀)ပေခန့်ရှိ ရှားပင်အား ၎င်းကိုယ်တိုင် အငှားခုတ်လှဲရာ ရှားပင်မှာ အခြားသစ်ပင်နှင့် နွယ်ချိတ်နေ၍ မလဲသဖြင့် ရှားပင်ပေါ်သို့ တက်၍နွယ်ဖြတ်စဉ် ရှားပင် လဲကျရာ ဆန်းကို မှာ အပင်ပေါ်မှ မှောက် လျက်ပြုတ်ကျပြီး ရှားပင်ပိကာ ရှားကိုင်းအတက် ထိုးမိ၍ ဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေ (၆)နာရီ (၂၀)မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ သာမျှား ကျေးရွာအနီး၊ ဘူးပင်တဲ- ရွာမွန်-တောင်ဒေါင့် ကျေးရွာသွား လမ်းပေါ်တွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း ဘူးပင်တဲ ကျေးရွာ ဘက်မှ တောင်ဒေါင့် ကျေးရွာ ဘက်သို့ နတ်မောက်မြို့နယ်၊ တောင်ဒေါင့် ကျေးရွာနေသူ မောင်ဆန်း (၄၃)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ယောက်ဖတော်စပ်သူ မောင်ဆန်း (၄၂)နှစ် လိုက်ပါလာသော CZI 125 အနက်ရောင် ဆိုင်ကယ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တိမ်းမှောက် ကာ ဆိုင်ကယ်မောင်းသူ မောင်ဆန်းနှင့် နောက်မှ ထိုင်စီးသူ မောင်ဆန်းတို့တွင် ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင် မခြင် မောင်းနှင်သူ မောင်ဆန်းအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၄ ရက်နေ့ ည(၉)နာရီ အချိန်ခန့် မင်းဘူးမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအနီး မင်းဘူး-မင်းလှ ကားလမ်း မိုင်တိုင်အမှတ် ၇ တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် ကြည့်ရှု စစ်ဆေးရာ ၄င်းလမ်း အတိုင်း မင်းဘူးမြို့ဘက်မှ မင်းလှမြို့ဘက်သို့ မင်းဘူးမြို့နယ်၊ ရေငံ ကျေးရွာနေသူ သက်ဝေ(ခ)ဖိုးသက် (၂၇)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဦးချို (၅၂)နှစ် လိုက်ပါလာသော SUMBO 125 အနက်ရောင် ဆိုင်ကယ်မှ ၄င်းလမ်းအတိုင်း မင်းလှမြို့ဘက် မှ မင်းဘူးမြို့ဘက်သို့ မင်းဘူးမြို့နယ်၊ ကျီးပင်တက် ကျေးရွာနေသူ မကေဇင်မိုး(ခ) ငြိမ်းအိမိုး (၂၁)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မထက်ထက်ဇော် (၁၇)နှစ် လိုက်ပါလာသည့် ၄၃ယ/xxxxx FUTURE 125 အနက်ရောင် ဆိုင်ကယ်အား တစ်ဘက်ယာဉ်ကြော အတွင်းသို့ မျက်နှာချင်းဆိုင် ၀င်ရောက် တိုက်မိပြီး မထက်ထက်ဇော်နှင့် မကေဇင်မိုး(ခ) မငြိမ်းအိမိုးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး သက်ဝေ(ခ) ဖိုးသက်မှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သက်ဝေ(ခ) ဖိုးသက်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Wednesday, January 13, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၂ ရက်နေ့ ည(၈)နာရီခွဲ အချိန်ခန့် ကမ္မကျေးရွာ၊ ရွာသစ်ရပ်ကွက် ပေါက်-ပခုက္ကူသွား ကားလမ်း မိုင်တိုင်အမှတ် ၁၇/၆ နှင့် ၁၇/၇ အကြားတွင် လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်သေ များ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ကမ္မရွာဘက်မှ ရေမျက်ကျေးရွာ ဘက်သို့ ပခုက္ကူမြို့နယ်၊ ရေမျက်ကျေးရွာနေသူ ဇာဇာထွန်း (၃၃)နှစ် မောင်းနှင်သော ၁၅ယ/xxx KENBO-110 စိမ်းပုတ်ရောင် ဆိုင်ကယ်မှ ၄င်းလမ်းအတိုင်း ရှေ့တွင် မောင်းနှင် နေသော ရွာသာအေး ကျေးရွာနေသူ ဦးအောင်မောင်းစိန် (၇၄)နှစ် စီးနင်းသော စက်ဘီးအား နောက်မှ ကျော်တက်စဉ် ပွတ်တိုက်မိပြီး စက်ဘီးလဲကျကာ ဦးအောင်မောင်းစိန်မှာ ရရှိသေဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွား ခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဇာဇာထွန်း အား ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၂ ရက်နေ့ ည (၈)နာရီ (၄၀)အချိန် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာ၊ ရွာလယ်လမ်းမပေါ်တွင် ၄င်းရွာနေသူ ဝင်းဦး (၃၈)နှစ် အား ကိုယ်ထည်မှ သေနတ်ပြောင်းအရှည် (၄)ပေ (၃)လက်မ၊ ပြောင်း လုံးပတ် (၃)မတ်လုံး၊ ခဲယမ်းမပါ လိုင်စင်မဲ့ တူမီးသေနတ် တစ်လက်အား ကိုင်ဆောင်လျက် တွေ့ရှိရသဖြင့် ဝင်းဦးအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း (ပ) ၃/၂ဝ၁၆၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Tuesday, January 12, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့် သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များသို့ နယ်မြေလှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ရွှေကြာအင်း(၂)ရပ်ကွက် ဆေးရုံ လမ်းကြားအရောက် တွင် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေ မိုးဝင်း(ခ)စွမ်းမိုးထက် (၂၅)နှစ်အား မသင်္ကာဖွယ်တွေ့ ရှိရသဖြင့် စစ်ဆေးရာ ၄င်း၏လက်ဝယ်တွင် HONOR ဖြူ/နက် ဟန်းဆက်(၁)လုံး (တန်ဖိုး ၇ဝ,ဝဝဝိ/-) အား တွေ့ရှိရပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် တစ်နေ ရာရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိသူ မိုးဝင်း(ခ)စွမ်းမိုးထက်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၂၃/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၀ ရက်နေ့ ညနေ (၆)နာရီအချိန်ခန့် တောမ-မြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၅၄/၇ အနီး တွင် ယာဉ်ပေါ်မှပြုတ်ကျ၍ ဒဏ်ရာရရှိကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ တောမကျေးရွာဘက်မှ စို့ပြားကျေးရွာဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ နန့်တဲကျေး ရွာနေ ပြည့်ဖြိုးဦး(၂၂)နှစ် မောင်းနှင်လာသည့် ဟော်လန်အမျိုးအစား(၆)ဘီးအနီရောင်ယာဉ်ပေါ်တွင် ဘေလီ တံတားသံပေါင်များနှင့် အတူ ထီးလင်းမြို့နယ်၊ စို့ပြားကျေးရွာနေ နေ့စားအလုပ်သမား များဖြစ် သည့် ဦးထွေးမောင် (၃၅)နှစ်ပါ ကျား(၉)ဦးတို့အား တင်ဆောင် မောင်းနှင် လာစဉ် သံသေချောင်းကူး တံတား လမ်းလွှဲအတက်တွင် ဘေလီသံပေါင် (၄)ချောင်းနှင့်အတူ ဦးထွေးမောင်(၃၅)နှစ်နှင့် ဦးထိန်လင်း (၂၇)နှစ် တို့ ယာဉ်ပေါ်မှလျောကျခဲ့ပြီး ဦးထွေးမောင် ယာခြေ မျက်စေ့/ဖနောင့်/ခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ယာဘက် လက်မ/လက်ညိုးကြား ပွန်းရှဒဏ်ရာ၊ ယာဘက်နံရိုးအောင့်ဒဏ်ရာရရှိခဲ့ပြီး ဦးထိန်လင်းဦးတွင် ဝဲဘက်မေးရိုးပြား၊ ဝဲ/ယာ နားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ ယာဘက်ဂျိုစောင်းပေါက်ပြဲ၊ ဝဲဘက်လက်ဖျံ/ လက်ပြင်ပွန်းရှဒဏ်ရာ၊ နောက်ကျောဘက် ခါးအောက်(၅)လက်မခန့် ပွန်းရှဒဏ်ရာ၊ ယာလက်ပြင် ပွန်းရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပြည့်ဖြိုးဦးအား ထီးလင်းမြို့နယ်၊ ကျင်း နယ်မြေ ရဲစခန်း ယာဉ်(ပ) ၁/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိ ပါသည်။



၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၁ ရက်နေ့ ည(၁၀)ခွဲအချိန်ခန့် စလေ-မိုလာကားလမ်း၊ မိုင်တိုင်အမှတ် (၁/၇)နှင့် (၂/ဝ)အကြား ဥမှင် ကိုးပေါက် မြစ်ရေတင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ချောက်မြို့နယ်၊ ရသစ် ကျေးရွာနေ နေလင်းဇော် (၃၂)နှစ်မောင်းနှင်လာသည့် ၄ယ/xxxxx ရင်ဇင်း ၁၁ဝ အစိမ်းရောင်ဆိုင်ကယ်သည် စလေ ဘက်မှ မိုလာဘက်သို့ မောင်းနှင်လာစဉ် မိုလာဘက်မှ စလေဘက်သို့ ရသစ်ကျေးရွာနေ ကိုကိုဦး (၂၁)နှစ်မောင်းနှင်ပြီး မောင်ဖြိုးဇော်(၁၅)နှစ် လိုက်ပါ လာသည့် VEVEBO 125 အဝါရောင်ဆိုင်ကယ် တို့သည် လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိ ရာ နေလင်းဇော်မှာ အခင်းဖြစ် နေရာတွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကိုကိုဦးနှင့် ၊ မောင်ဖြိုးဇော်တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ နေလင်းဇော်နှင့် ကိုကိုဦးတို့ (၂)ဦးအား ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း ယာဉ်(ပ) ၁/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



Monday, January 11, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၀ ရက်နေ့ ညနေ (၆)နာရီ (၅)မိနစ်အချိန်ခန့် သရက်မြို့နယ်၊ စခန်းကြီးကျေးရွာအနီး၊ သရက်-မင်းတုန်း ကားလမ်းမြောက်ဘက် စခန်းကြီးရေနံမှော်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ညနေ (၅)နာရီ (၁၅)မိနစ်အချိန်ခန့်က စခန်းကြီးကျေးရွာနေသူ ဦးပိုက်ထွေး (၅၆)နှစ်၏ ယာခင်းမြေတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မင်းကုန်းရပ်နေသူ သန်းဖေ (၆၂) နှစ် မှ ဦးစီးလျှက် ရေနံတူးဖော် နေစဉ် ရေနံတူးပိုက်နှင့် သံခပ်ခွက်တို့ ပွတ်တိုက်မိပြီး မီးစတင် လောင်ကျွမ်းခဲ့ရာ မြို့နယ် မီးသတ်ဦးစီးမှူး အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ ရွာသူ/သား (၂၀)ဦးခန့်တို့မှ မီးသတ်ယာဉ် (၂)စီးဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့၍ (၅)နာရီ (၄၅)မိနစ် အချိန် မီးလုံးဝငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တရုတ်နီ အင်ဂျင်စက် (၂)လုံး၊ စက်ကလပ်ခုံ (၂)ခုံ၊ ပေပါခွံ(၆)လုံး၊ ရေနံစိမ်း (၅၀)ဂါလံပါ ပေပါ (၁)လုံး၊ သက္ကယ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း တစ်ဘက်ရပ် မြေစိုက်တဲ(၁)လုံး (စုစုပေါင်းတန်ဘိုး ၄၄၁၀၀၀ိ/-)တို့ မီးလောင်ဆုံးရှုံး ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ရေနံတွင်းအား ပေါ့ဆစွာတူးဖော်၍ မီးလောင်ကျွမ်းစေ သူ သန်းဖေ အား သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ လည်းကောင်း၊ 
စွမ်းအင်ဝန်ကြီး ဌာန၏ ခွင့်ပြုချက်မရှိဘဲ ရေနံတူးဖော် လုပ်ကိုင်သူ သန်းဖေနှင့် ယာခင်း ပိုင်ရှင် ပိုက်ထွေး တို့နှစ်ဦးစလုံးအား သရက်မြို့နယ်၊ သရက်မြို့မရဲစခန်း (ပ)၁၅/၂၀၁၆၊ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေပုဒ်မ ၉ အရ လည်းကောင်း အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်း တောင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်ခန့် ဆင်ပေါင်ဝဲမြို့နယ်၊ ကလန်စင် ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ကလန်စင် ကျေး ရွာနေသူ ဒေါ်တင်ညွန့် (၇၂)နှစ်သည် နေအိမ် အပေါ်ထပ်ရှိ မီးဖိုတွင် ဟင်းအိုးတည်ထားခဲ့ပြီး အပြင်သို့ သွားနေစဉ် မီးဖိုမှတစ်ဆင့် မီးစတင် ကူးစက်လောင်၍ ဒေါ်တင်ညွန့်၏ (၃x၃)ပင်၊ သွပ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း နေအိမ်အပါအ၀င် (၄x၄)ပင်အိမ် (၁၁)လုံး၊ (၃x၃)ပင်အိမ် (၁၅)လုံး၊ စုစုပေါင်း (၂၆)လုံး မီးလောင်ကျွမ်းခဲ့ရာ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများ စုစုပေါင်း (၁၀၀)ဦးခန့်တို့မှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့၍ (၁၂)နာရီအချိန် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် တန်ဘိုး ၅၆၁၆၀၀၀ိ/- ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦးခန့် မီးဘေး သင့်ခဲ့ကြောင်း သိရပြီး ၄င်းတို့၏ ဆွေမျိုးများ၏ နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မော်မော်နှင့်အဖွဲ့၊ မြို့နယ်ဖွံ့/ထောက် ကော်မတီဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ မီးဘေး ကြီးကြပ်ရေး ကော်မတီဝင်များ သွားရောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်ညွန့်အား ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်း(ပ) ၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၀ ရက်နေ့ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့် ပခုက္ကူမြို့နယ်၊ မြင်းချိုင်ရွာ ဘုန်းကြီးကျောင်းအနီး မြို့ရှောင်လမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။ 
စစ်ဆေးချက်အရ မြို့ရှောင်လမ်းအတိုင်း ပခုက္ကူမြို့တွင်းဘက်မှ ပန်းတိုင်းခြုံ ကျေးရွာ ဘက်သို့ ပန်းတိုင်းခြုံ  ကျေးရွာနေသူ မျိုးမြင့်မြတ် (၁၉) နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ ရှိုင်းထက်အောင် (၁၉)နှစ် လိုက်ပါလာသော ၃၆ယ/xxxxx DAYANG အနက်ရောင် ဆိုင်ကယ် သည် ရှေ့မှမောင်းနှင် နေသော ယာဉ်အား ကျော်တက်စဉ် တစ်ဘက်ယာဉ်ကြော အတွင်းသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင် မှ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်နေသူ ယာဉ်မောင်း ၀င်းကိုမြင့် (၄၁) နှစ် မောင်းနှင် လာသော `အေးချမ်းအောင်´ နာရေးကူညီမှု အသင်းပိုင် HIACE အဖြူရောင် လူနာတင်ယာဉ်အား ၀င်ရောက် တိုက်မိပြီး မျိုးမြင့်မြတ်မှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ပြီး ရှိုင်းထက်အောင်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မျိုးမြင့်မြတ်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Saturday, January 9, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့် ပွင့်ဖြူမြို့နယ်၊ သရက်တောရွာတွင် လူတစ်ဦး လျှပ်စစ်ဓါတ်လိုက် သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ ပွင့်ဖြူမြို့နယ်၊ သရက်တောရွာ၊ ဘူးသည်မုန်းချောင်းဆိပ် ကမ်းပါးအနီးတွင် မုန်းချောင်း ဆိပ်ကမ်း အနောက်ဘက် (၃)ဖာလုံခန့် အကွာရှိ ကျောင်းတော်ရာ ကျေးရွာဘက်မှ သရက်တော ကျေးရွာသို့ သွှယ်တန်းထားသော (၁၁)ကေဗွီ ဓါတ်အားလွှတ် လျှပ်စစ်ဓါတ်ကြိုး ဓါတ်တိုင်အမှတ် (၂၂)အနီး (၅)ပေခန့် အကွာ ဓါတ်တိုင် အဟောင်း မှ ဓါတ်ကြိုးအဟောင်းအား သရက်တော ကျေးရွာနေသူ အောင်မြတ်မင်း (၃၀)နှစ် နှင့် တစ်ရွာတည်းနေ ဦးအေးဝင်း (၅၇)နှစ် တို့(၂)ဦးမှ တက်ဖြုတ်စဉ် အသစ်စိုက်ထူ ထားသော လျှပ်စစ်ဓါတ်တိုင် အမှတ်(၂၂) မှ လျှပ်စစ်လွှတ်ထားသော ဓါတ်ကြိုးနှင့် ၄င်းတို့ ဖြုတ်ယူ နေသော ဓါတ်ကြိုး အဟောင်းတို့ ထိမိကာ အောင်မြတ်မင်းနှင့် ဦးအေးဝင်း တို့နှစ်ဦးမှာ လျှပ်စစ် ဓါတ်လိုက်ပြီး အမြင့်ပေ (၂၀)ခန့်ရှိ ဓါတ်တိုင်ပေါ်မှ ပြုတ်ကျ၍ အောင်မင်းမြတ်မှာ ရရှိသောဒဏ်ရာ များဖြင့် အခင်းဖြစ် နေရာ တွင် သေဆုံးသွားခဲ့ပြီး ဦးအေးဝင်းတွင် မစိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့ သဖြင့် အောင်မြတ်မင်း သေ ဆုံးခြင်း အကြောင်းရင်း မှန်အား သိရှိနိုင်ရန် အတွက် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၆) ဖြင့် ရေးဖွင့်ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၈ ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့် သက်သေများနှင့်အတူ နယ်မြေသတင်း စုံစမ်းနေစဉ် ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဥတ္တရလမ်းသွယ် အရောက်တွင် အမှတ်(၃) ရပ်ကွက် နေသူ ဘိုကြီး(ခ) မျိုးမြတ်ခိုင် (၂၁)နှစ်အား မသင်္ကာဖွယ် တွေ့ရှိရ၍ စစ်မေးရာ ၎င်း၏ ခါးကြားမှ Samsung အမျိုးအစား ဟမ်းဆက်(၁)လုံး (တန်ဘိုး ၂ သိန်းကျပ်ခန့်) အား တွေ့ရှိရပြီး ၎င်း ဟမ်းဆက်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဘိုကြီး(ခ) မျိုးမြတ်ခိုင်အား ဆင်ပေါင်ဝဲ မြို့နယ်၊ မြို့မရဲစခန်း (ပ)၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်းတွင်းကြီးမြို့နယ်၊ တောင်းတွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၈ ရက်နေ့ နေ့လည် (၁၂)နာရီခွဲအချိန်ခန့် သတင်းအရ သက်သေ များနှင့် အတူ ရွှေကြာအင်း (၂) ရပ်ကွက်၊ ဗဟိုစည် လမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် ရထားသံလမ်း ဘက်မှ အထက(၁) ကျောင်း ဘက်သို့ တောင်းတွင်းကြီးမြို့၊ ရွှေအိုး(၂) ရပ်ကွက်နေသူ ထွန်းထွန်း(ခ) နှင်းမောင်မောင် (၂၈)နှစ် မောင်းနှင်လာသော ၄၇ယ/xxxxx၊ စူပါအန်ဘို ၁၂၅၊ နီနက်ကြား ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ခါးကြားတွင် ထိုးထားသည့် အနက်ရောင် ပိုက်ဆံအိတ် အတွင်းမှ 88 စာတမ်းပါ ပန်းရင့်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၇)ပြား (၂.၇၂ ဂရမ်၊ တန်ဘိုး ၁၃၅၀၀ိ/ ခန့်)၊ မူးယစ်ဆေးဝါး ရောင်းရငွေ ၅၂၂၀ိ/နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်း(ခ) နှင်းမောင်မောင်အား တောင်းတွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း မယ(ပ) ၁/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ် ကို ပြောင်းလဲစေသော ဆေးဝါးများဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် (၁၀)နာရီ အချိန်ခန့် ပခုက္ကူဆေးရုံကြီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားသော လူနာ ရောက် ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက် နေသူ ဖြိုးဝင်းအောင် (၁၈)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရပ်ကွက် တည်းနေ ဇင်မင်းသူ (၂၅)နှစ် လိုက်ပါလာသော ကန်ဘို  ၁၁၀ နက်ပြာကြားရောင် ဆိုင်ကယ်သည် မြို့ရှောင်လမ်းအတိုင်း စက်မှုဇုံ ရပ်ကွက်ဘက်သို့ မောင်းနှင် လာစဉ် အောင်ချမ်းသာ ရပ်ကွက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး ပလက်ဖောင်း အား ၀င်ရောက် တိုက်မိရာ ဖြိုးဝင်းအောင်နှင့် ဇင်မင်းသူတို့တွင် ဒဏ်ရာများ ရရှိသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ဖြိုးဝင်းအောင်အား ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်း ယာဉ်(ပ) ၄/၂၀၁၆၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရအမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၈ ရက်နေ့ ည(၁၁)နာရီခွဲ အချိန်ခန့် ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာအနီး၊ မြစ်ခြေ−ကမ္မ ကားလမ်း မိုင်တိုင်အမှတ် ၄/၃ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်အရပ်သို့ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ မြစ်ခြေ-ကမ္မ ကားလမ်းအတိုင်း ချိုင်ကျေးရွာဘက်မှ ဗျင်းကျေးရွာ ဘက်သို့ ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာနေသူ စိုးခိုင် (၃၄)နှစ် မောင်းနှင်ပြီး ပခုက္ကူမြို့နယ်၊ ဗျင်းကျေးရွာ နေသူ ရှင်နန္ဒော (လူအမည် ကျော်အောင်) (၄၀)နှစ်၊ ၀ါတော် (၁)၀ါ လိုက်ပါလာသည့် ကန်ဘို (၁၁၀) အစိမ်းပုတ်ရောင် ဆိုင်ကယ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်ဘေး ထနောင်းပင် အား ၀င်ရောက် တိုက်မိသဖြင့် စိုးခိုင်မှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ပြီး ရှင်နန္ဒောတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ စိုးခိုင်အား ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


မင်းတုန်းမြို့နယ်တွင် သားဖြစ်သူမှ ဖခင်ခင်အား ဓါးဖြင့် ခုတ်သတ်

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မိုးကောင်းကျေး ရွာနေ ဒေါ်အေးတင် (၆၂)နှစ် သည် ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် (၇)နာရီအချိန်ခန့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးပိန် (၇၀)နှစ်နှင့် သားဖြစ်သူ အောင်ငွေ (၂၈)နှစ်တို့ အလုပ်လုပ်ကိုင် နေသော မိုးကောင်းကျေးရွာ၏ အရှေ့ဘက် (၃)မိုင်ခန့် အကွာရှိ တောင်ယာတဲသို့ စားစရာရိက္ခာများ သွားရောက် ပို့ဆောင်စဉ် ခင်ပွန်းဖြစ်သူ ဦးပိန်မှာ ယာခင်းရှိတဲတွင် ဓါးဒဏ်ရာများဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး သားဖြစ်သူ အောင်ငွေ မှာ အဆိုပါတဲ အနီးတွင် အရိုးအသွား (၂)ပေခန့်၊ ဗျက်(၁) လက်မခန့်ရှိ ဓါးဦးချွန်အား ကိုင်ဆောင်လျှက် တွေ့ရှိရ၍ မေးမြန်းရာ ၎င်းအား ဖခင်ဖြစ်သူ ဦးပိန်မှ မင်းမူးနေတာဘဲ၊ အလုပ် မလုပ်ဘူး၊ စကားများ နေတာဘဲဟု ပြောသဖြင့် မကျေနပ်၍ ဓါးနှင့် ခုတ်သတ် ခဲ့ကြောင်း ပြောပြသိရှိရ၍ ဖခင်ဖြစ်သူ အား ဓါးဖြင့် ခုတ်သတ်သော သားဖြစ်သူ အောင်ငွေအား မိခင်ဖြစ်သူ ဒေါ်အေးတင်မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ၈.၁.၂၀၁၆ ရက်နေ့ ၁၄၃၀ အချိန် မင်းတုန်း မြို့နယ်၊ မြို့မရဲစခန်း (ပ)၅/၂၀၁၆၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Friday, January 8, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်(၁၁) နာရီခွဲ အချိန်ခန့် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် ၁/၂ဝ၁၆ ဖြင့် ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက်နေ ဇော်မင်းနိုင်(၃၁)နှစ်၏ နေအိမ်တွင် နှစ်လုံးထီလောင်း ကစား ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၄ဝ,၂၅ဝိ/-အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ သဖြင့် ဇော်မင်းနိုင်အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃/၂ဝ၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်တို့ ပူးပေါင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့် သက်သေ များနှင့်အတူ မင်းလှမြို့နယ်၊ ငနောင်မုန်း ရေနံမှော်အတွင်း သတင်းစုံစမ်းနေစဉ် အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက် ၊ အေးချမ်းဖြိုးရပ်နေ တင်စိုး(၃၄)နှစ် Wang Bo 125 နက်ဖြူကြားရောင် ဆိုင်ကယ် အား ကာလတန်ဖိုး ထက်လျော့ပြီး ၁၁ဝ,ဝဝဝိ/- ဖြင့် လိုက်လံရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ၄င်းဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ ခိုးယူ လာသည်ဟု မသင်္ကာ ဖွယ် စစ်ဆေးတွေ့ရှိရသဖြင့် တင်စိုးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ) ၃/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နေ့လည် (၁၂း၅ဝ) အချိန်ခန့်တွင် အမှတ်(၃)ရပ်ကွက်ရှိ မြို့မဈေး၏အနောက်ဘက် ပျံကျဈေးတန်းအတွင်း ဝင်ရောက် ရှာဖွေရာ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်နေ မကော်နီ(၂၇)နှစ်၏ဈေးဆိုင်တွင် ပလပ်စတစ် ခြင်း ၄ ခြင်းဖြင့် ထည့်လျှက် မြန်မာသီချင်းခွေ၊ တရားခွေ၊ နိုင်ငံခြား သီချင်း/ဇာတ်လမ်းခွေနှင့် ကာထွန်း ခွေများ စုစုပေါင်း ၇၄၆ ခွေ (တစ်ခွေလျှင် ၃ဝဝိ/-နှုန်းဖြင့်) တန်ဖိုး ၂၂၃,၈ဝဝိ/-အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် မကော်နီအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၂/၂ဝ၁၆၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မ ၃၂(ခ) အရ အမှုရေး ဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်တွင် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ ည (၈း၁၀) အချိန် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဈေးရပ်ကွက်နေ မဇင်မာဦး(၂၅)နှစ်သည် ၎င်း၏ (၄x၃)ပင်၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်ပေါ်ရှိ တီဗွီပေါ်တွင် ဖယောင်းတိုင်ထွန်းထား ခဲ့ပြီး နေအိမ်အရှေ့ဘက် ရှိ ယောက်ခက္မဖြစ်သူ ဦးလှရွှေ နေအိမ်သို့ သွားရောက်လည်ပတ်နေစဉ် ထွန်းထား သည့် ဖယောင်းတိုင် သည် တီဗွီပေါ်ရှိ အဝတ်ပေါ်သို့ လဲကျကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး တီဗွီ(၁)လုံး၊ ဝါးထရံတွင် (၃)ပေပတ် လည်ခန့် မီးလောင်ကျွမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းပူးပေါင်း မီးငြိမ်းသတ်ခဲ့ရာ ည (၈း၁၂) အချိန် မီးငြိမ်းသွားခဲ့ပြီး တန်ဖိုး ၁ဝ,ဝဝဝိ/-ခန့် ဆုံးရှုံးခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် မီးအားပေါ့ဆစွာ အသုံးပြုသူ မဇင်မာဦးအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၈/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၈၅ အရ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေအုပ်စု၊ xxxxရပ်ကွက်နေ မxxx (အပျို) ၂၁နှစ်သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝရက်နေ့ ည (၈) နာရီ အချိန်ခန့်တွင် နေအိမ် အိပ်ခန်း အတွင်းအိပ်နေစဉ် ဖခင်အရင်းဖြစ်သူ ဦးဇော်သိန်း(၄ဝ)နှစ်သည် အိပ်ခန်းအတွင်းဝင်၍ နို့နှစ်ဘက်အား ဆွဲကိုင်ကာ အင်္ကျီချွတ် ရန်ပြုလုပ်ပြီး ထမီအားဆွဲလှန်ကာ ပွေ့ဖက်ခြင်းများပြုလုပ်၍ ရုန်းကန်နေစဉ် မိခင်ဖြစ်သူဒေါ်xxxx အပြင် သွားရာမှ ပြန်လည်ရောက်လာပြီး တွေ့မြင်သဖြင့် ပတ်ဝန်းကျင် လူအများ အား အကူအညီတောင်းခံရာ ရပ်ကွက်အတွင်းရှိ လူများရောက်လာမှသာ လွတ်မြောက်ခဲ့သဖြင့် အလို မတူဘဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူ ဇော်သိန်းအား အရေးယူပေးပါရန် တိုင်တန်းခဲ့ပြီး အမှု စစ်ဆေးပေါ်ပေါက်ချက်အရ ဇော်သိန်းမှာ သမီးဖြစ်သူ မxxxအား လွန်ခဲ့သော (၃)နှစ်ခန့်မှစ၍ ခြိမ်း ခြောက်ပြီး အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း (ပ)၇၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁မှ ၃၇၆ သို့ ပြောင်းလဲ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



Thursday, January 7, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ဦးစီး ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၅ ရက်နေ့ ည(၉)နာရီအချိန်ခန့် မြိုင်မြို့နယ်၊ အိုးရင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အိုးရင်း ကျေး ရွာနေသူ သာဟန် (၅၄)နှစ်မှာ ၎င်း၏ (၃x၂)ပင် မြေစိုက်၊ ၀ါးထရံကာ၊ ထန်းလက်မိုး နေအိမ်တွင် တစ်ဦး တည်း နေထိုင်သူဖြစ်ပြီး စီးပွားရေးအဆင်မပြေ၍ စိတ်ဖိစီးမှုဖြစ်ကာ ၄င်း၏ နေအိမ်အား ကိုယ်တိုင် မီးရှို့ခဲ့သဖြင့် ရွာသူ/သားများမှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၉)နာရီခွဲ အချိန်ခန့်မီးငြိမ်း သွား ခဲ့ပြီး တန်ဖိုး (၂၅၅၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သောကြောင့် နေအိမ်အား မီးရှို့သူ သာဟန်အား အရေးယူ ပေးရန် ၆.၁.၂၀၁၆ ရက်နေ့ ၀၂၃၅ အချိန် အိုးရင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ တရားလို ပြုလုပ် တိုင်တန်း သဖြင့် မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၆ ရက်နေ့ ညနေ (၃)နာရီ အချိန်ခန့် မြိုင်မြို့နယ်၊ ကြည့်ကန်ကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၄၁၃/၆ နှင့် ၄၁၃/၇) အကြားတွင် ဆိုင်ကယ်နှင့် နွားလှည်း တိုက်မိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း မြိုင်မြို့ဘက်မှ ကြည့်ကန်ကျေးရွာဘက်သို့ ကြည့်ကန်ကျေးရွာနေသူ ဒေါ်ဌေးမြိုင် (၄၆)နှစ် မောင်းနှင်သည့် နွားလှည်းနှင့် ၄င်းလမ်းအတိုင်း ကြည့်ကန် ရွာဘက်မှ မြိုင်မြို့ ဘက်သို့ ပခုက္ကူမြို့နယ်၊ အင်းဝိုင်း ကျေးရွာနေသူ အောင်လွင် (၃၇)နှစ် မောင်းနှင် ပြီး နောက် မှ တစ်ရွာတည်းနေ အောင်မင်းဇော် (၃၅)နှစ် လိုက်ပါလာသည့် ၃၃ယ/xxxxx FOLLOWME 125 နီနက် ကြားရောင် ဆိုင်ကယ်တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိ ပြီး အောင်လွင်နှင့် အောင်မင်းဇော် တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် နွားလှည်းမောင်းနှင်သူ ဒေါ်ဌေးမြိုင်နှင့် ဆိုင်ကယ် မောင်းနှင်သူ အောင်လွင် တို့အား အရေးယူပေးရန် မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Find Us on Facebook

Popular Posts

Video