Friday, January 8, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်တွင် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ ည (၈း၁၀) အချိန် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဈေးရပ်ကွက်နေ မဇင်မာဦး(၂၅)နှစ်သည် ၎င်း၏ (၄x၃)ပင်၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်ပေါ်ရှိ တီဗွီပေါ်တွင် ဖယောင်းတိုင်ထွန်းထား ခဲ့ပြီး နေအိမ်အရှေ့ဘက် ရှိ ယောက်ခက္မဖြစ်သူ ဦးလှရွှေ နေအိမ်သို့ သွားရောက်လည်ပတ်နေစဉ် ထွန်းထား သည့် ဖယောင်းတိုင် သည် တီဗွီပေါ်ရှိ အဝတ်ပေါ်သို့ လဲကျကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး တီဗွီ(၁)လုံး၊ ဝါးထရံတွင် (၃)ပေပတ် လည်ခန့် မီးလောင်ကျွမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းပူးပေါင်း မီးငြိမ်းသတ်ခဲ့ရာ ည (၈း၁၂) အချိန် မီးငြိမ်းသွားခဲ့ပြီး တန်ဖိုး ၁ဝ,ဝဝဝိ/-ခန့် ဆုံးရှုံးခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် မီးအားပေါ့ဆစွာ အသုံးပြုသူ မဇင်မာဦးအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၈/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၈၅ အရ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video