Friday, January 8, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နေ့လည် (၁၂း၅ဝ) အချိန်ခန့်တွင် အမှတ်(၃)ရပ်ကွက်ရှိ မြို့မဈေး၏အနောက်ဘက် ပျံကျဈေးတန်းအတွင်း ဝင်ရောက် ရှာဖွေရာ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်နေ မကော်နီ(၂၇)နှစ်၏ဈေးဆိုင်တွင် ပလပ်စတစ် ခြင်း ၄ ခြင်းဖြင့် ထည့်လျှက် မြန်မာသီချင်းခွေ၊ တရားခွေ၊ နိုင်ငံခြား သီချင်း/ဇာတ်လမ်းခွေနှင့် ကာထွန်း ခွေများ စုစုပေါင်း ၇၄၆ ခွေ (တစ်ခွေလျှင် ၃ဝဝိ/-နှုန်းဖြင့်) တန်ဖိုး ၂၂၃,၈ဝဝိ/-အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် မကော်နီအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၂/၂ဝ၁၆၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မ ၃၂(ခ) အရ အမှုရေး ဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video