၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်တို့ ပူးပေါင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့် သက်သေ များနှင့်အတူ မင်းလှမြို့နယ်၊ ငနောင်မုန်း ရေနံမှော်အတွင်း သတင်းစုံစမ်းနေစဉ် အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက် ၊ အေးချမ်းဖြိုးရပ်နေ တင်စိုး(၃၄)နှစ် Wang Bo 125 နက်ဖြူကြားရောင် ဆိုင်ကယ် အား ကာလတန်ဖိုး ထက်လျော့ပြီး ၁၁ဝ,ဝဝဝိ/- ဖြင့် လိုက်လံရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ၄င်းဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ ခိုးယူ လာသည်ဟု မသင်္ကာ ဖွယ် စစ်ဆေးတွေ့ရှိရသဖြင့် တင်စိုးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ) ၃/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment