၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်(၁၁) နာရီခွဲ အချိန်ခန့် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် ၁/၂ဝ၁၆ ဖြင့် ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက်နေ ဇော်မင်းနိုင်(၃၁)နှစ်၏ နေအိမ်တွင် နှစ်လုံးထီလောင်း ကစား ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၄ဝ,၂၅ဝိ/-အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ သဖြင့် ဇော်မင်းနိုင်အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃/၂ဝ၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment