မင်းတုန်းမြို့နယ်တွင် သားဖြစ်သူမှ ဖခင်ခင်အား ဓါးဖြင့် ခုတ်သတ်
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မိုးကောင်းကျေး ရွာနေ ဒေါ်အေးတင် (၆၂)နှစ် သည် ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် (၇)နာရီအချိန်ခန့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးပိန် (၇၀)နှစ်နှင့် သားဖြစ်သူ အောင်ငွေ (၂၈)နှစ်တို့ အလုပ်လုပ်ကိုင် နေသော မိုးကောင်းကျေးရွာ၏ အရှေ့ဘက် (၃)မိုင်ခန့် အကွာရှိ တောင်ယာတဲသို့ စားစရာရိက္ခာများ သွားရောက် ပို့ဆောင်စဉ် ခင်ပွန်းဖြစ်သူ ဦးပိန်မှာ ယာခင်းရှိတဲတွင် ဓါးဒဏ်ရာများဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး သားဖြစ်သူ အောင်ငွေ မှာ အဆိုပါတဲ အနီးတွင် အရိုးအသွား (၂)ပေခန့်၊ ဗျက်(၁) လက်မခန့်ရှိ ဓါးဦးချွန်အား ကိုင်ဆောင်လျှက် တွေ့ရှိရ၍ မေးမြန်းရာ ၎င်းအား ဖခင်ဖြစ်သူ ဦးပိန်မှ မင်းမူးနေတာဘဲ၊ အလုပ် မလုပ်ဘူး၊ စကားများ နေတာဘဲဟု ပြောသဖြင့် မကျေနပ်၍ ဓါးနှင့် ခုတ်သတ် ခဲ့ကြောင်း ပြောပြသိရှိရ၍ ဖခင်ဖြစ်သူ အား ဓါးဖြင့် ခုတ်သတ်သော သားဖြစ်သူ အောင်ငွေအား မိခင်ဖြစ်သူ ဒေါ်အေးတင်မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ၈.၁.၂၀၁၆ ရက်နေ့ ၁၄၃၀ အချိန် မင်းတုန်း မြို့နယ်၊ မြို့မရဲစခန်း (ပ)၅/၂၀၁၆၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:
Post a Comment