၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၈ ရက်နေ့ ည(၁၁)နာရီခွဲ အချိန်ခန့် ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာအနီး၊ မြစ်ခြေ−ကမ္မ ကားလမ်း မိုင်တိုင်အမှတ် ၄/၃ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်အရပ်သို့ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ မြစ်ခြေ-ကမ္မ ကားလမ်းအတိုင်း ချိုင်ကျေးရွာဘက်မှ ဗျင်းကျေးရွာ ဘက်သို့ ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာနေသူ စိုးခိုင် (၃၄)နှစ် မောင်းနှင်ပြီး ပခုက္ကူမြို့နယ်၊ ဗျင်းကျေးရွာ နေသူ ရှင်နန္ဒော (လူအမည် ကျော်အောင်) (၄၀)နှစ်၊ ၀ါတော် (၁)၀ါ လိုက်ပါလာသည့် ကန်ဘို (၁၁၀) အစိမ်းပုတ်ရောင် ဆိုင်ကယ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်ဘေး ထနောင်းပင် အား ၀င်ရောက် တိုက်မိသဖြင့် စိုးခိုင်မှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ပြီး ရှင်နန္ဒောတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ စိုးခိုင်အား ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment