၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်းတွင်းကြီးမြို့နယ်၊ တောင်းတွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၈ ရက်နေ့ နေ့လည် (၁၂)နာရီခွဲအချိန်ခန့် သတင်းအရ သက်သေ များနှင့် အတူ ရွှေကြာအင်း (၂) ရပ်ကွက်၊ ဗဟိုစည် လမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် ရထားသံလမ်း ဘက်မှ အထက(၁) ကျောင်း ဘက်သို့ တောင်းတွင်းကြီးမြို့၊ ရွှေအိုး(၂) ရပ်ကွက်နေသူ ထွန်းထွန်း(ခ) နှင်းမောင်မောင် (၂၈)နှစ် မောင်းနှင်လာသော ၄၇ယ/xxxxx၊ စူပါအန်ဘို ၁၂၅၊ နီနက်ကြား ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ခါးကြားတွင် ထိုးထားသည့် အနက်ရောင် ပိုက်ဆံအိတ် အတွင်းမှ 88 စာတမ်းပါ ပန်းရင့်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၇)ပြား (၂.၇၂ ဂရမ်၊ တန်ဘိုး ၁၃၅၀၀ိ/ ခန့်)၊ မူးယစ်ဆေးဝါး ရောင်းရငွေ ၅၂၂၀ိ/နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်း(ခ) နှင်းမောင်မောင်အား တောင်းတွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း မယ(ပ) ၁/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ် ကို ပြောင်းလဲစေသော ဆေးဝါးများဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment