Saturday, January 9, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် 
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၈ ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့် သက်သေများနှင့်အတူ နယ်မြေသတင်း စုံစမ်းနေစဉ် ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဥတ္တရလမ်းသွယ် အရောက်တွင် အမှတ်(၃) ရပ်ကွက် နေသူ ဘိုကြီး(ခ) မျိုးမြတ်ခိုင် (၂၁)နှစ်အား မသင်္ကာဖွယ် တွေ့ရှိရ၍ စစ်မေးရာ ၎င်း၏ ခါးကြားမှ Samsung အမျိုးအစား ဟမ်းဆက်(၁)လုံး (တန်ဘိုး ၂ သိန်းကျပ်ခန့်) အား တွေ့ရှိရပြီး ၎င်း ဟမ်းဆက်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဘိုကြီး(ခ) မျိုးမြတ်ခိုင်အား ဆင်ပေါင်ဝဲ မြို့နယ်၊ မြို့မရဲစခန်း (ပ)၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video