၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့် ပွင့်ဖြူမြို့နယ်၊ သရက်တောရွာတွင် လူတစ်ဦး လျှပ်စစ်ဓါတ်လိုက် သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ ပွင့်ဖြူမြို့နယ်၊ သရက်တောရွာ၊ ဘူးသည်မုန်းချောင်းဆိပ် ကမ်းပါးအနီးတွင် မုန်းချောင်း ဆိပ်ကမ်း အနောက်ဘက် (၃)ဖာလုံခန့် အကွာရှိ ကျောင်းတော်ရာ ကျေးရွာဘက်မှ သရက်တော ကျေးရွာသို့ သွှယ်တန်းထားသော (၁၁)ကေဗွီ ဓါတ်အားလွှတ် လျှပ်စစ်ဓါတ်ကြိုး ဓါတ်တိုင်အမှတ် (၂၂)အနီး (၅)ပေခန့် အကွာ ဓါတ်တိုင် အဟောင်း မှ ဓါတ်ကြိုးအဟောင်းအား သရက်တော ကျေးရွာနေသူ အောင်မြတ်မင်း (၃၀)နှစ် နှင့် တစ်ရွာတည်းနေ ဦးအေးဝင်း (၅၇)နှစ် တို့(၂)ဦးမှ တက်ဖြုတ်စဉ် အသစ်စိုက်ထူ ထားသော လျှပ်စစ်ဓါတ်တိုင် အမှတ်(၂၂) မှ လျှပ်စစ်လွှတ်ထားသော ဓါတ်ကြိုးနှင့် ၄င်းတို့ ဖြုတ်ယူ နေသော ဓါတ်ကြိုး အဟောင်းတို့ ထိမိကာ အောင်မြတ်မင်းနှင့် ဦးအေးဝင်း တို့နှစ်ဦးမှာ လျှပ်စစ် ဓါတ်လိုက်ပြီး အမြင့်ပေ (၂၀)ခန့်ရှိ ဓါတ်တိုင်ပေါ်မှ ပြုတ်ကျ၍ အောင်မင်းမြတ်မှာ ရရှိသောဒဏ်ရာ များဖြင့် အခင်းဖြစ် နေရာ တွင် သေဆုံးသွားခဲ့ပြီး ဦးအေးဝင်းတွင် မစိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့ သဖြင့် အောင်မြတ်မင်း သေ ဆုံးခြင်း အကြောင်းရင်း မှန်အား သိရှိနိုင်ရန် အတွက် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၆) ဖြင့် ရေးဖွင့်ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment