Monday, January 11, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၀ ရက်နေ့ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့် ပခုက္ကူမြို့နယ်၊ မြင်းချိုင်ရွာ ဘုန်းကြီးကျောင်းအနီး မြို့ရှောင်လမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။ 
စစ်ဆေးချက်အရ မြို့ရှောင်လမ်းအတိုင်း ပခုက္ကူမြို့တွင်းဘက်မှ ပန်းတိုင်းခြုံ ကျေးရွာ ဘက်သို့ ပန်းတိုင်းခြုံ  ကျေးရွာနေသူ မျိုးမြင့်မြတ် (၁၉) နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ ရှိုင်းထက်အောင် (၁၉)နှစ် လိုက်ပါလာသော ၃၆ယ/xxxxx DAYANG အနက်ရောင် ဆိုင်ကယ် သည် ရှေ့မှမောင်းနှင် နေသော ယာဉ်အား ကျော်တက်စဉ် တစ်ဘက်ယာဉ်ကြော အတွင်းသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင် မှ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်နေသူ ယာဉ်မောင်း ၀င်းကိုမြင့် (၄၁) နှစ် မောင်းနှင် လာသော `အေးချမ်းအောင်´ နာရေးကူညီမှု အသင်းပိုင် HIACE အဖြူရောင် လူနာတင်ယာဉ်အား ၀င်ရောက် တိုက်မိပြီး မျိုးမြင့်မြတ်မှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ပြီး ရှိုင်းထက်အောင်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း တွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မျိုးမြင့်မြတ်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video