Monday, January 11, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်း တောင် ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၁၀ ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်ခန့် ဆင်ပေါင်ဝဲမြို့နယ်၊ ကလန်စင် ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ကလန်စင် ကျေး ရွာနေသူ ဒေါ်တင်ညွန့် (၇၂)နှစ်သည် နေအိမ် အပေါ်ထပ်ရှိ မီးဖိုတွင် ဟင်းအိုးတည်ထားခဲ့ပြီး အပြင်သို့ သွားနေစဉ် မီးဖိုမှတစ်ဆင့် မီးစတင် ကူးစက်လောင်၍ ဒေါ်တင်ညွန့်၏ (၃x၃)ပင်၊ သွပ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း နေအိမ်အပါအ၀င် (၄x၄)ပင်အိမ် (၁၁)လုံး၊ (၃x၃)ပင်အိမ် (၁၅)လုံး၊ စုစုပေါင်း (၂၆)လုံး မီးလောင်ကျွမ်းခဲ့ရာ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများ စုစုပေါင်း (၁၀၀)ဦးခန့်တို့မှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့၍ (၁၂)နာရီအချိန် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှု ကြောင့် တန်ဘိုး ၅၆၁၆၀၀၀ိ/- ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ဦးခန့် မီးဘေး သင့်ခဲ့ကြောင်း သိရပြီး ၄င်းတို့၏ ဆွေမျိုးများ၏ နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မော်မော်နှင့်အဖွဲ့၊ မြို့နယ်ဖွံ့/ထောက် ကော်မတီဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ မီးဘေး ကြီးကြပ်ရေး ကော်မတီဝင်များ သွားရောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်ညွန့်အား ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်း(ပ) ၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video