၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၄ ရက်နေ့ ည(၉)နာရီ အချိန်ခန့် မင်းဘူးမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအနီး မင်းဘူး-မင်းလှ ကားလမ်း မိုင်တိုင်အမှတ် ၇ တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် ကြည့်ရှု စစ်ဆေးရာ ၄င်းလမ်း အတိုင်း မင်းဘူးမြို့ဘက်မှ မင်းလှမြို့ဘက်သို့ မင်းဘူးမြို့နယ်၊ ရေငံ ကျေးရွာနေသူ သက်ဝေ(ခ)ဖိုးသက် (၂၇)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဦးချို (၅၂)နှစ် လိုက်ပါလာသော SUMBO 125 အနက်ရောင် ဆိုင်ကယ်မှ ၄င်းလမ်းအတိုင်း မင်းလှမြို့ဘက် မှ မင်းဘူးမြို့ဘက်သို့ မင်းဘူးမြို့နယ်၊ ကျီးပင်တက် ကျေးရွာနေသူ မကေဇင်မိုး(ခ) ငြိမ်းအိမိုး (၂၁)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မထက်ထက်ဇော် (၁၇)နှစ် လိုက်ပါလာသည့် ၄၃ယ/xxxxx FUTURE 125 အနက်ရောင် ဆိုင်ကယ်အား တစ်ဘက်ယာဉ်ကြော အတွင်းသို့ မျက်နှာချင်းဆိုင် ၀င်ရောက် တိုက်မိပြီး မထက်ထက်ဇော်နှင့် မကေဇင်မိုး(ခ) မငြိမ်းအိမိုးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး သက်ဝေ(ခ) ဖိုးသက်မှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သက်ဝေ(ခ) ဖိုးသက်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment