၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၂ ရက်နေ့ ည(၈)နာရီခွဲ အချိန်ခန့် ကမ္မကျေးရွာ၊ ရွာသစ်ရပ်ကွက် ပေါက်-ပခုက္ကူသွား ကားလမ်း မိုင်တိုင်အမှတ် ၁၇/၆ နှင့် ၁၇/၇ အကြားတွင် လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်သေ များ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ကမ္မရွာဘက်မှ ရေမျက်ကျေးရွာ ဘက်သို့ ပခုက္ကူမြို့နယ်၊ ရေမျက်ကျေးရွာနေသူ ဇာဇာထွန်း (၃၃)နှစ် မောင်းနှင်သော ၁၅ယ/xxx KENBO-110 စိမ်းပုတ်ရောင် ဆိုင်ကယ်မှ ၄င်းလမ်းအတိုင်း ရှေ့တွင် မောင်းနှင် နေသော ရွာသာအေး ကျေးရွာနေသူ ဦးအောင်မောင်းစိန် (၇၄)နှစ် စီးနင်းသော စက်ဘီးအား နောက်မှ ကျော်တက်စဉ် ပွတ်တိုက်မိပြီး စက်ဘီးလဲကျကာ ဦးအောင်မောင်းစိန်မှာ ရရှိသေဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးသွား ခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဇာဇာထွန်း အား ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment