Wednesday, January 13, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် 
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၂ ရက်နေ့ ည (၈)နာရီ (၄၀)အချိန် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာ၊ ရွာလယ်လမ်းမပေါ်တွင် ၄င်းရွာနေသူ ဝင်းဦး (၃၈)နှစ် အား ကိုယ်ထည်မှ သေနတ်ပြောင်းအရှည် (၄)ပေ (၃)လက်မ၊ ပြောင်း လုံးပတ် (၃)မတ်လုံး၊ ခဲယမ်းမပါ လိုင်စင်မဲ့ တူမီးသေနတ် တစ်လက်အား ကိုင်ဆောင်လျက် တွေ့ရှိရသဖြင့် ဝင်းဦးအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း (ပ) ၃/၂ဝ၁၆၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video