Thursday, January 28, 2016
3:40 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး ဇန်န၀ါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်း အနားကို ဇန်န၀ါရီ ၂၁ ရက်နေ့ နံနက်(၉)နာရီအချိန်က မင်းဘူး-ကျောက်တန်းလမ်း၊နဂါးပွက်တောင်အနီးရှိ အဆိုပါ ရုံးသစ်ရှေ့တွင် ကျင်းပရာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးမှ ရုံးသစ်ဖွင့်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးမှ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။
ထို့နောက် ရုံးသစ်အဆောက်အဦးအား တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ဆွေ၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးသစ်ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖြန်းပေးကြသည်။ ၎င်းနောက် ရုံးသစ်အား လိုက်လံကြည့်ရှုပြီး ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီိး ဦးစီးမှူး ဦးကျော်ဆွေ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းနှင့် မင်းဘူး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်အား ရန်ပုံငွေကျပ် (၁၂၃ ဒဿမ ၇၅)သန်းဖြင့် EXID Group ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး (၇၆x၇၆x၁၂)ပေ အတိုင်းအတာရှိ သံကူကွန်ကရစ်(၁)ထပ် အဆောက်အဦးဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment