Thursday, February 4, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် 
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တောင်ဖီလာ ရွာနေသူ မခင်စောညို (၃၈)နှစ် သည် ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်ခန့်တွင် နေအိမ်ဘီရိုအတွင်း သိမ်းဆည်းထား သော ရွှေ လက်ကောက် (၃)ကွင်း၊ (၁)ကျပ်သားခန့်၊ တန်ဖိုး(၇၀၀၀၀၀ိ/-) ခန့်မှာ ပျောက်ဆုံး နေသည် ကို တွေ့ရှိရ၍ မခင်စောညိုမှ ခိုးယူသူအား ကျေးရွာအတွင်း စုံစမ်းခဲ့ရာ ရွှေလက်ကောက် (၃)ကွင်း ခိုးယူသူမှာ တစ်ရွာတည်းနေ မနီနီဝင်း (၂၁)နှစ် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရွှေလက်ကောက် ခိုးယူသူ မနီနီဝင်း အား အရေးယူပေးရန် ၃.၂.၂၀၁၆ ရက်နေ့တွင် မခင်စောညိုမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် စလင်းမြို့နယ်၊ တညောင် နယ်မြေရဲစခန်း (ပ)၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video