Thursday, February 4, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် (၈)နာရီခွဲအချိန်ခန့်က မင်းဘူး-စကုသွားကာလမ်း မိုင်တိုင် အမှတ် (၇/၅)နွားကူး ပေါင်းတံတားအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များ နှင့်အတူ သွားရောက် စစ်ဆေးရာ စကုဘက်မှ မင်းဘူးဘက် သို့ စကုမြို့၊ ရွှေပေါက်ကံ အမှတ်(၃) ရပ်ကွက်နေသူ ကိုပုချို (၄၈)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရပ်ကွက်တည်းနေ ဒေါ်စန်းစန်းမော် (၅၁)နှစ် လိုက်ပါလာသည့် ၂၄ယ/xxxx ဟွန်ဘို ၁၁၀ ကျောက်စိမ်းရောင် ဆိုင်ကယ်နှင့် မင်းဘူးဘက်မှ စကုဘက်သို့ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာနေသူ ယာဉ်မောင်း ကိုကျော်စွာလင်း (၃၃)နှစ် မောင်းနှင်သော 1H/4242 FORD RANGER အနက်ရောင် ယာဉ်တို့ လမ်းအလယ်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ပွတ်တိုက်မိပြီး ကိုပုချို နှင့် ဒေါ်စန်းစန်းမော် တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ကိုပုချိုနှင့် ကိုကျော်စွာလင်း တို့အား မင်းဘူး(စကု)မြို့နယ်၊ စကုနယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video