Thursday, February 4, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရေပြာ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် တရားမ၀င်သစ်များသယ် ဆောင်လာ ကြောင်း သတင်းအရ သက်သေများ နှင့်အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် (၁၂)နာရီခွဲ အချိန်ခန့်က ပေါက် မြို့နယ်၊ ဖိုးဖြူလုံးကန်ကျေးရွာအနီး ပေါက်-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် (၅/၁)အနီးတွင် စောင့်ဆိုင်းနေစဉ် ထီးလင်းမြို့နယ်၊ အညာဘန်းကျေးရွာ နေသူ ယာဉ်မောင်း ၀င်းမော် (၂၈)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်နောက်လိုက် အေးနိုင် (၃၁)နှစ် လိုက်ပါလာသည့် MDY HSE/xxxx JVEHICLE MICROBUS ပတ္တမြားရတု ရွှေထိပ်ကျောင်း လူမှုကူညီရေး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ကျွန်းခွဲသားဆိုဒ်စုံ (၁၃)ချောင်း (၀.၇၇၂၈)တန်၊ တန်ဖိုး(၂၅၅၀၂၄ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် သစ်များ သယ်ဆောင် မောင်းနှင်လာသူ ၀င်းမော်နှင့် အေးနိုင် တို့အား ပေါက် မြို့နယ်၊ ရေပြာနယ်မြေရဲစခန်း (ပ)၆/၂၀၁၆၊ သစ်တောအက် ဥပဒေပုဒ်မ ၄၃(က) အရ အမှုရေးဖွင့် ဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video