Thursday, February 4, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့် နယ်မြေသတင်း စုံစမ်းနေစဉ် အောင်လံမြို့၊ ဈေးကုန်း ရပ်ကွက်၊ အောင်မင်္ဂလာ ဆွမ်းချက်ဓမ္မာရုံ အနီးတွင် မသင်္ကာဖွယ် အမျိုးသား (၂)ဦးမှ ဆိုင်ကယ် (၁)စီးအား လှည့်လည် ရောင်းချနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အောင်လံမြို့နယ်၊ လက်ပတုန်း ကျေး ရွာနေသူ ဖိုးကျော်(ခ)ကျော်လင်းနိုင် (၂၆)နှစ် နှင့် တစ်ရွာတည်းနေ ၀ဲလေး(ခ) တင်ထွေးလေး (၁၈)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ ရောင်းချနေသော ၄၄ယ/၈၆၃၄ ကန်ဘို ၁၂၅ ဆိုင်ကယ် နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်း မရှိသဖြင့် ဖိုးကျော် (ခ) ကျော်လင်းနိုင်နှင့် ၀ဲလေး(ခ)တင်ထွေးလေး တို့ (၂)ဦးအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video