၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ပြည်သူ့ဆေးရုံတွင် ၄.၂.၂ဝ၁၆ ရက်နေ့ ၁၂၃ဝ အချိန် ခန့်တွင် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးသူတစ်ဦးရောက်လာကြောင်း သတင်းအရ အောင်လံ မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ပြည်မြို့ ဘက်မှ တောင်တွင်းကြီးမြို့ဘက်သို့ ဆင်ပေါင်ဝဲမြို့နယ်၊ သားပိုးကျေးရွာနေ မျိုးဇော်ထွန်း (၂ဝ)နှစ်သည် ၂၈ယ/xxx ၊JLM WAVE 110 နက်ပြာရောင်ဆိုင်ကယ်နောက် တွင် တစ်ရွာတည်းနေ ဒေါ်ဌေးဝင်း(၅၄)နှစ်အား တင်ဆောင်၍ အောင်လံ-ပြည်ကားလမ်းအတိုင်း မောင်းနှင် လာရာ မိုင်တိုင်အမှတ် ၂၂၄/၆ အနီးအရောက်တွင် ရှေ့မှ အောင်လံမြို့၊ စမ်းချောင်းရပ် ကွက်နေ ၊ စောဝင်းထွန်း (၃၆)နှစ်မောင်းနှင်သည့် 7A/xxx (၁၂) ဘီး အဖြူ ရောင်ယာဉ်အား ကျော်တက်စဉ် လမ်းဘေးရှိ သဲတောအတွင်း ဆိုင်ကယ် ဇက်ခေါက်လဲကာ ယာဉ်၏ ဝဲဘက်နောက်ဘီးနှင့်တိုက်မိ၍ မျိုးဇော်ထွန်းတွင် ခါးအထက်၊ ပုခုံး/ယာတံတောင်/ယာပေါင်းရင်း တို့တွင်ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်ဌေးဝင်းတွင် ဝဲဘက်ဂျိုစောင်း(၄)လက်မခန့် ပေါက်ပြဲ၊ ယာဘက်လက်ခုံ ပွန်းခြစ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာဖြင့် ၊ သေဆုံး ခဲ့သဖြင့် မျိုးဇော်ထွန်းနှင့် စောဝင်းထွန်း တို့(၂)ဦးအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၇/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment