၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေး-ရေနံချောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၃၄ဝ/၁ ကန်သာကြီးကျေးရွာအနီးတွင် ၄.၂.၂ဝ၁၆ ရက်နေ့ ည (၇) နာရီအချိန် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒေါင်းနေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးရာ မကွေး ဘက်မှ ၊ ရေနံချောင်းဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မုန်ကုန်း ကျေးရွာနေ ချစ်ကို (၃ဝ)နှစ် သည် ၂၂ယ/xxxx၊ ကန်ဘို ၁၁ဝ အနက်ရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်မှ မကွေးမြို့နယ်၊ ကန်သာကြီးကျေးရွာနေ မင်းနိုင်စိုး (၂၅)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ ကန်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိရာ ချစ်ကိုတွင် ဦးခေါင်းပေါက်ပြဲ၊ နှာခေါင်းပွန်းပဲ့ ဒဏ်ရာနှင့် မင်းနိုင်စိုးတွင် ဦးခေါင်းပေါက်ပြဲ၊ နှာခေါင်း ပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ပြီး မကွေးမြို့၊ သင်ကြားရေးဆေးရုံသို့ ပို့ဆောင်ကုသစဉ် မင်းနိုင်စိုးမှ သေဆုံး သွားသဖြင့် ဆိုင်ကယ် မဆင် မခြင်မောင်းနှင်သူ ချစ်ကိုနှင့် မင်းနိုင်စိုးတို့(၂)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃/၂ဝ၁၆ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment