၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်
မကွေးတိုင်းဒေသကြီး၊ ရဲအကူတပ်ဖွဲ့ခွဲမှ ရဲအုပ် နိုင်လင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့နယ် ၊ သရက်ပင်ကွက်ကျေးရွာနေ ကျော်စိန်(ခ)ကိုလေး၊ ၄၄နှစ်သည် တရားဝင်ခွင့်ပြုချက် မရှိဘဲ DIAZEPAM ထိုးဆေးများအား လက်ဝယ်ကိုင်ဆောင်ရောင်းချနေကြောင်းနှင့် မကွေးမြို့၊ မြသလွန်ဘုရား အနီးရှိ ''မြသော်တာ'' လက်ဖက်ရည်ဆိုင်သို့ လာရောက်ရောင်းချမည် ဖြစ်ကြောင်း သတင်းအရ ၄.၂.၂ဝ၁၆ ရက်နေ့ ညနေ (၃း၁၅) အချိန်ခန့်တွင် စောင့်ဆိုင်းနေစဉ် ၎င်းပိုင် ၄ယ/ xxx၊ နံပါတ်ပါ Molisa 110 အမျိုး အစား အနက်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် စစ်ဆေးခဲ့ရာ ဆိုင်ကယ်ခွကြားတွင် ညှပ်၍ သယ်ဆောင် လာသော ကဒ်စက္ကူလေးထောင့်ပုံးအတွင်းမှ တစ်ဗူးလျှင် (၅)လုံးတွဲ (၅)ကဒ်၊ (၂၅)လုံးပါ DIAZEPAMထိုးဆေးဗူး(၂ဝ)၊ ခန့်မှန်းတန်ဖိုး ၆၅ဝ,ဝဝဝိ/-၊ Huawei အမျိုးအစား (ဆင်းကဒ်ပါ) လက်ကိုင်ဖုန်း (၁)လုံးတို့အား သိမ်းဆည်းရမိသဖြင့် ကျော်စိန်(ခ) ကိုလေး အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၃၂/၂ဝ၁၆၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment