Friday, February 5, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ ၄.၂.၂ဝ၁၆ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးမြို့ပေါ်တွင် ခိုး၊ ဆိုး ၊ နှိုက်သတင်းများ စုံစမ်းနေစဉ် မကွေးမြို့၊ ကန်သာရပ်ကွက်၊ သစ္စာလမ်းပေါ်ရှိ ရွှေမေတ္တာ လက်ဖက်ရည် ဆိုင်အနီးတွင် ဖုန်းများအား ကာလတန်ဖိုးထက်လျှော့၍ ရောင်းချနေကြောင်း သတင်း အရ သွားရောက် စုံစမ်းရာ မကွေးမြို့၊ မြင်သာရပ်ကွက်နေ ဘတ်ထန့် (ခ)စိုးကိုကို၊ ၁၈ နှစ်သည် (ဆင်းကဒ် ၂ ကဒ်ပါ) HUAWIE Y336-U02 အဖြူရောင်ဟန်းဆက်(၁)လုံး (တန်ဖိုး ၄ဝ,ဝဝဝိ/-)နှင့် ဆင်းကဒ် ၁ ကဒ်ပါ) HUAWEI G 610-U00 အမျိုးအစား အဖြူရောင် ဟန်းဆက်(၁)လုံး (တန်ဖိုး ၂ဝ,ဝဝဝိ။-)တို့အား HEMOTR အမျိုးအစား အနက်ရောင်ဆိုင်ကယ် (တန်ဖိုး ၁ဝဝ,ဝဝဝိ။-)နှင့်အတူ လိုက်လံရောင်းချနေသည်ကိုတွေ့ရှိရပြီး ဖုန်းနှင့် ဆိုင်ကယ်တို့အား ၎င်းပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် တစ်နေရာ ရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် စိုးကိုကိုအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၃။၂ဝ၁၆၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video