Friday, February 5, 2016

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ၄.၂.၂ဝ၁၆ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် အဆိပ်ဟုယူဆရသော အရည်သောက်သုံးမိ၍ သေဆုံးနေသော လူနာတစ်ဦးရောက် ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေး ခဲ့ရာ ချောက်မြို့နယ်၊ မကျီးပင်စုကျေးရွာနေ သိန်းကို(၃၉)နှစ်သည် ယာခင်းထွန်ယက်ပြီး နေအိမ်ပြန်ရောက်စဉ် ရေသန့်ဗူးခွံဖြင့် ဘတ္ထရီအိုးအတွင်းထည့်ရန်ထားရှိသော အက်ဆစ်အား သောက်ရေအမှတ်ဖြင့် ရေထပ် ထည့်၍ သောက်ခဲ့ သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ¤င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂ဝ၁၆)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video