၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပခန်းငယ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ (၁၁)နာရီ (၅)မိနစ်အချိန်ခန့် တွင် ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာနေ တင်ဝင်း (၄၅)နှစ်၏ နေအိမ်တွင် ချဲထီလောင်း ကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂/၂၀၁၆)ဖြင့် ၀င်ရောက် ရှာဖွေရာ ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများ နှင့် ငွေစက္ကူရောရာ ၃၂၅၀ိ/-အား ရှာဖွေ တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ချဲထီလောင်း ကစား ပြုလုပ်သူ တင်ဝင်းအား အရေး ယူပေးပါရန် ၈.၂.၂၀၁၆ ရက်နေ့ ၁၃၀၀ အချိန် ဒုရဲအုပ် မြတ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရေစကြို မြို့နယ်၊ ပခန်းကြိးနယ်မြေ ရဲစခန်း (ပ)၉/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment