၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေလည် (၁၂)နာရီ (၁၅)မိနစ် အချိန်ခန့်တွင် သတင်းအရ သက်သေများ နှင့်အတူ မကွေးမြို့၊ ဆုံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေသူ ဦးဘိုဘို (၃၄)နှစ် ၏ ဗွီဒီယိုခွေ အငှားဆိုင် အား ၀င်ရောက် ရှာဖွေရာ ဆင်ဆာမဲ့ မြန်မာ ဇာတ်လမ်းခွေ (၆၇၄)ခွေ (စုစုပေါင်းတန်ဖိုး ၁၃၄၈၀ိ/- ခန့်) အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ဆင်ဆာမဲ့ ဗီဒီယိုခွေများ ရောင်းချသူ ဦးဘိုဘိုအား အရေးယူပေးပါရန် ၈.၂.၂၀၁၆ ရက်နေ့ ၁၅၃၀ အချိန် ဒုရဲအုပ် သိန်းနိုင်ဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၅/ ၂၀၁၆၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)(ဂ) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် (၁၂)နာရီခွဲ အချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့၊ ကန်သာရပ်ကွက် (၁၃)လမ်းနှင့် ငုရွှေဝါလမ်းဒေါင့်နေသူ ဦးကျော်ဟန် (၅၅)နှစ် ၏ "စွှဲလမ်းဌာနေ'' ဗီဒီယိုခွေ အငှားဆိုင် အား ၀င်ရောက်ရှာဖွေရာ နိုင်ငံခြား ဇာတ်လမ်းတွဲခွေ (၅၉၀)ခွေ (တန်ဖိုး ၁၄၇၅၀ိ/-ခန့်)၊ ကိုရီးယား ဇာတ်လမ်းတွဲခွေ (၄၀၈)ခွေ (တန်ဖိုး ၁၂၂၄၀ိ/-ခန့်) ၊ စုစုပေါင်း တန်ဖိုး ၂၆၉၉၀ိ/-ခန့်အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ဆင်ဆာမဲ့ ဗီဒီယိုခွေများ ရောင်းချသူ ဦးကျော်ဟန်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၄/၂၀၁၆၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)(ဂ) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment