၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထု နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဆောမြို့နယ်၊ ရင့်ရဲကျေးရွာနေသူ စိတ်ကျန်းမာရေး မကောင်းသည့် ဒေါ်ဝင်းမာရီ (၄၉)နှစ် မှာ ထမင်းစားရန် မလာ၍ ဒေါ်ဝင်းမာရီ၏ တူတော်သူ ဇော်သက်ထွန်း ၏ဇနီး မရီရီဝင်းမှ နေအိမ် အပေါ်ထပ်ရှိ ၎င်းအိပ်ခန်းသို့ သွားခေါ်ရာ ဒေါ်ဝင်းမာရီမှာ မိမိလည်ပင်းကို မိမိ ဓါးဖြင့်လှီး၍ ဒဏ်ရာ ရရှိပြီး သွေးထွက် လွန်ကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး အလောင်းအား ကျောက်ထု တိုက်နယ် ဆေးရုံသို့ ပို့အပ်ထား ရှိကြောင်း ရင့်ရဲကျေးရွာ အုပ်ချုပ်ရေးမှူး မှ ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေး ရာ ဒေါ်ဝင်းမာရီ ၏ လည်ပင်းတွင် (၄)လက်မခန့် ပြတ်ရှဒဏ်ရာဖြင့် သွေးထွက် လွန်ကာ သေဆုံးနေသည် ကို တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင် ရန် ဆောမြို့နယ်၊ ကျောက်ထု နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment