Tuesday, February 9, 2016





မကွေး     ဖေဖော်ဝါရီ     
          မကွေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မကွေး တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာခင်မောင်ဦး မှအဖွင့်အမျာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
          ထို့နောက် အားကစားသမား မောင်မယ်များက သစ္စာဓိဋ္ဌာန်ရွက်ဆိုပြီး ပြိုင်ပွဲကို ဆက်လက် ကျင်းပဆောင်ရွက်ရာ အထူးပြုဘာသာရပ် အသီးသီးမှ ကျောင်းသား(၂၈)ဦးနှင့်ကျောင်းသူ(၁၄)ဦး စုစုပေါင်း(၄၂)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကို (၉-၂-၂၀၁၆)ရက်နေ့မှ(၁၁-၂-၂၀၁၆)ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၁-၂-၂၀၁၆)ရက်နေ့ ညနေပိုင်းတွင်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video