Tuesday, February 9, 2016
3:25 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
အောင်လံဖေဖေါ်ဝါရီ ၈
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံမြို့ ကန်ကြီးရပ်ကွက် လမ်းမတော်လမ်းရှိ မြို့နယ်စည်ပင်
သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဖေဖေါ်ဝါရီလ(၈)ရက်နေ့ နေ့လည်(၂)နာရီအချိန်က မီးဘေး ကာကွယ်ရေး
နှင့်မီးဘေးလုံခြုံရေးအစမ်းဇာတ်တိုက်လေ့ကျင့်မှုအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီး
ဌာနတို့ပူးပေါင်း စီစဉ် ဆောင်ရွက်ခဲ့သည် ။
ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စည်ပင်ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်အေးနှင့် စည်ပင်
သာယာရေးဝန်ထမ်းများ ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမင်းသိမ်းထွန်းနှင့် သန္ဓေနှင့်အရံ မီးသတ်တပ် ဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုမြို့နယ်မှူး ဒုရဲမှူး ဌေးမောင်နှင့် ရဲတပ်ဖွဲ့ဝင် များ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းထက်နှင့် ၀န်ထမ်းများ ၊ မြို့နယ်စည်ပင်ကော်မတီနှင့် ဈေးကော်မတီဝင်များ တက်ရောက်ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှု အစီအစဉ်အရ မြို့မဈေးကြီးတွင် မီးလောင်မှုသတင်းရလျှင်ရခြင်း သတ်မှတ်ထား
သည့် အချိန် (၂း၁၀) နာရီ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း မြို့နယ်အရံမီးသတ်တပ်ဖွဲ့
ဒုတပ်ရင်းမှူး ဦးစောဝင်းနှင့် ဦးမြင့်ဝင်းတို့ ကြီးကြပ်လိုက်ပါလာသော မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး
နှင့် မြို့ပေါ်(၉)ရပ်ကွက်မှ မီးသတ်ယာဉ်(၈)စီး စုစုပေါင်း(၁၀)စီး တို့သည် ဈေးကြီး၏ ပတ်လည်တွင် သတ်မှတ်နေရာ အသီးသီးသို့ ရောက်ရှိနေရာယူကြပြီး မီးငြိမ်းသတ်ရေး လုပ်ငန်းအား တစ်ပြိုင်နက်တည်း စုပေါင်းဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment