Thursday, January 21, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည်(၁၁)နာရီ (၄၅)မိနစ် အချိန်ခန့် သတင်းအရ သက်သေများ နှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁/၂ဝ၁၆)ဖြင့် မကွေးမြို့၊ သိင်္ဂါရပ်ကွက်နေသူ ဒေါ်မာဌေး (၄၅)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်မာဌေးအား နေအိမ်နောက်ဖေးတွင် တွေ့ရှိရပြီး ၄င်း၏ခန္ဓာ ကိုယ်ပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ နှင့် လောင်းကြေးငွေ (၉၆၁၅ဝိ/-)တို့အား သိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ ဒေါ်မာဌေးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇/၂ဝ၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video