Thursday, January 21, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့် ရေနံချောင်းမြို့၊ စက်မှုဇုံရပ်ကွက်ရှိ စက်မှုဇုံ အော်တိုအိပ်ချိန်း ရုံးခန်းတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံးကြောင်း သတင်းအရ သက်သေများ နှင့် အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စက်မှုဇုံရပ်ကွက်နေသူ စက်မှုဇုံအိပ်ချိန်းရုံးခွဲ တာဝန်ခံ ဦးကိုကိုဦး (၄၅)နှစ်ဖြစ်ပြီး ၄င်းသည် ရုံးခန်းအတွင်းရှိ တာဝါတိုင်မှ သံတန်းအား အရှည် (၁၆)တောင်ခန့်၊ လုံးပတ်(၃)မူးလုံးခန့်ရှိ နိုင်လွန်ကြိုးခဲရောင်ဖြင့် ပြင်ပဒဏ်ရာ မရှိဘဲ ကြိုးဆွဲချ သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိရပြီး ၄င်းသည် စီးပွားရေး အဆင် မပြေ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင် ရန် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video